KKT Repair Service
Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts
Friday, May 6, 2016
Patch Crack မသုံးတတ် မထည့်တတ်သေးတဲ့ သူတွေအတွက် Click နှစ်ချက်နဲ့ပဲ လိုပါတယ်- IDM 6.25 Build 16 [No Need Patch Or Crack Just Install Full
ကွန်ပျူတာ ကိုင်ဆောင်ထားကြတဲ့ သူငယ်ချင်းတွေအတွက်
 IDM ကို Full အဖြစ်   Patch  Crack မသုံးတတ် မထည့်တတ်သေးတဲ့ သူတွေအတွက်
 Click နှစ်ချက်နဲ့ဘာမှထပ်လုပ်ပေးစရာမလိုတော့ပါဘူး..
 Full အဖြစ် အမြဲတမ်းအသုံးပြုလို့ ရအောင်လို့   ပြန်လည် တင်ပေးလိုက်ပါတယ်။
ဒီ IDM ကတော့ Double Click to Install Version လေးပါ
Patch Crack မသုံးတတ်သူတွေအတွက် အရမ်းကို အဆင်ပြေစေပါတယ်..။
ဒီ Version ကို သုံးမယ်ဆိုရင် အရင်ထည့်ထား တဲ့ IDM ကို
 Uninstall  ထုတ်  ပြီးမှ ဒီကောင်ကို အင်စတော့ ပြုလုပ်ပြီ အသုံးပြုပါ။
First Name & Last Name မှာ ကြိုက်တာရေးထည့်ပြီး Next အဆင့်ဆင့်နဲ့ Install လုပ်ပေးရုံပါပဲ..။
ဘာမှထပ်လုပ်ပေးစရာမလိုတော့ပါဘူး.. အမြဲတမ်း Full Version  အဖြစ်အသုံးပြုနိုင်ပါပြီ။
Windows XP ကနေ Vista / 7 / 8 / 8.1 / Window 10  အထိနဲ့  32Bit မှာရော 64Bit မှာပါ
 Support လုပ်ပါတယ်...............
Thursday, May 7, 2015
ထိုင်းကဖုန်း SMS Card တွေကို မှတ်ပုံတင်တဲ့နည်း
ထိုင်းကဖုန်း SMS Card တွေကို မှတ်ပုံတင်တဲ့နည်း
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ထိုင်းမှာနေတဲ့သူငယ်ချင်းတွေအတွက် ထိုင်းကဖုန်း SMS Card တွေကို မှတ်ပုံတင်တဲ့နည်းလေးကိုပြန်လည်မျှဝေပေးလိုက်တာပါ...အပုံလေးတွေနဲ့ရှင်းပြရင်သိပ်ပြီးမရှင်းမှာကြောင့်မို့ ဒီ video file လေးနဲ့သေခြာရှင်းပြပေးလိုက်တာပါ..ထိုင်းနိုင်ငံကဖုန်း SMS Card တွေအကုန်လုံးကို ထိုင်းနိုင်ငံရဲ့လုံခြုံရေးအရ မှတ်ပုံတင်ပေးရမယ်လို့ တရားဝင်ကြေငြာထားပါတယ်..မှတ်ပုံမတင်တဲ့ ဖုန်းဆင်းကဒ်တွေကို ဖုန်းခေါ်ဆိုမှု့နဲ့ အင်တာနက်အသုံးပြုမှု့တွေကို ပိတ်ပြစ်မှာဖြစ်ပါတယ်...ဒါကြောင့်အခုလိုဖုန်းဆင်းကဒ်ကိုမှတ်ပုံတင်တဲ့နည်းလေးကို မသိရသေးတဲ့သူတွေနဲ့ သိပြီးတော့သေသေခြာခြာမလုပ်တက်သေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး ဒီဗွီဒီယိုဖိုင်လေးနဲ့ ရှင်းပြပေးလိုက်တာပါ...
ကျွန်တော်တို့ ပထမဦးဆုံးလုပ်ရမှာက မိမိရဲ့ဖုန်းနံပါတ်ကိုအရင်စာရွက်အလွတ်တစ်ခုပေါ်မှာ ရှင်းရှင်းလင်းလင်းလေးမြင်သာအောင်ချရေးထားလိုက်ပါ..ပြီးရင် ဖုန်းခေါ်တဲ့နေရာမှာ.*151# ကိုနှိပ်ပြီးခေါ်လိုက်ပါ...အဲလိုခေါ်လိုက်တာနဲ့ဖုန်းရုံးက စာအိပ်တစ်အိပ်ပြန်လည်ပို့ပေးလာပါလိမ့်မယ်....ထိုင်းစာတွေနဲ့ပါ အဲ့ဒီစာအိပ်ထဲမှာ english အက္ခရာ ဂဏန်း ခြောက်လုံး ရှိပါတယ်...ဥပမာ..ghaboz. ပါ..အဲ့ဒီ ဂဏန်း ခြောက်လုံးကိုသေခြာလေးမှတ်ထားပေးဖို့လိုပါတယ်...ဒါတွေလုပ်ဆောင်ပြီးပြီဆိုရင်တော့ အောက်မှာ သက်ဆိုင်ရာဆင်းကဒ် နံပါတ်တွေကို လူအ ရေးပေးထားပါတယ် ..ကိုယ်အသုံပြုတဲ့ ဆင်းကဒ် ရဲ့ကုဒ်နဲ့ပါတ်ကို အသုံးပြုနိုင်ပါတယ်....
Dtac.......User name......71278995
Password.......71278995
(or)
User name......75702005
Password.......75702005
Truemove...User name.....17405423
Password......true1234
(or)
User name.....17405425
Password......true1234
12 Call..User name.....AIS83618
Password......AIS83618
အပေါ်မှာရေးပြပေးထားတဲ့ user name နဲ့ password တွေကို ဆင်းကဒ် မှတ်ပုံတင်ရာမှာအသုံးပြုရမယ် ဆော့ဝဲလ်မှာထည့်ပေးရမှာဖြစ်ပါတယ်..မိမိတို့ရဲ့ဆင်းကဒ်အမျိုးအစားအလိုက် ရွေးပြီးတော့ ထည့်ပေးလိုက်ပါ...အောက်မှာဆော့ဝဲလ် လင့်ချပေးထားပါတယ်...အရင်ဒေါင်းထားလိုက်ပါ....ပတ်စပိုစ့်စာအုပ်ကိုအဆင်သင့်ယူထားလိုက်ပါ....မိမိရဲ့ဖုန်းနံပါတ်ကိုလဲ စာရွက်တစ်ခုပေါ်မှာ ရှင်းရှင်းလင်းလင်းမြင်သာအောင်ချရေးထားပါ...အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်
 စတင်လုပ်ဆောင်နိုင်ပါပြီ....
ဆော့ဝဲကိုတော့ MYanmae App Store တွင်ဒေါင်းယူနိုင်ပ့ါသည်။
ထိုင်နိုင်ငံမှာရှိတဲ့သူတွေအကုန်လုံးမှတ်ပုံတင်ပေးမှရမှာဖြစ်တဲ့အတွက် လူအ အချိန်ပေးပြီးတော့ ပြန်လည်မျှဝေပေးထားတာပါ..User name နဲ့ Password က ဘယ်လိုရလာလဲတော့ လူအ မသိပါ..ဒါပေမယ် ဒီ User name နဲ့Password တွေနဲ့ပဲ လုပ်တာ အဆင်ပြေနေပါတယ်...လူအလဲ လိုင်းပေါ်မှာတွေ့လို့စုပြီးယူလာပေးတာပါ...အားလုံးကို ကျေးဇူးတင်ပါတယ်...ဒီ post လေးကို တက်နိုင်သလောက်မသိသေးတဲ့သူတွေအတွက်ပြန်ပြီး Share ပေးဖို့ တောင်းဆိုပါတယ်...
မှတ်ပုံမတင်ထားတဲ့ ဆင်းကဒ်တွေကို ပိတ်ပြစ်တော့မှာမို့လို့ပါ....အားလုံးအဆင်ပြေပါစေ...
✏ ✏ (လူအ)
Saturday, April 25, 2015
ကွန်ပျူတာ ပေါ့ပါးစေဖို့
ကွန်ပျူတာ ပေါ့ပါးစေဖို့
***********
ကွန်ပျူတာကို သုံးစွဲလာတာ အချိန်ကြာလာတာနဲ့ အမျှ သုံးရတာ တဖြည်းဖြည်း လေးလံလာတယ်လို လူတိုင်းသိရှိကြမှာပါ..
ဒါဆိုရင် ကွန်ပျူတာကို သွက်လက်မြန်ဆန်လာအောင် ဘယ်လိုလုပ်မလဲ
ဆိုတာ အခုကျနော်ရေးသွားမှာပါ..
ဒီနည်းလမ်းတွေကို တော်တော်များများ သိကြမှာပါ..
ကျနော်ကတော့ မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်..
အရင်ဆုံး ကျနော်တို့ သတိပြုရမှာက ကွန်ပျူတာကနေ
မလိုအပ်တဲ့ Program တွေကို Uninstall လုပ်တဲ့ အခါ..
ပုံမှန်ပဲAll Control Panel Items > Programs and Features ကနေပဲ
Uninstall လုပ်လေ့ရှိကြပါတယ်.. ဒီလို လုပ်တဲ့ အခါကျနော်တို့ အမြင်မှာတော့
မလိုအပ်တဲ့ Program ကို ဖြတ်ထုတ်နိုင်တယ်ပဲ ထင်မှာပါ..
ဒါပေမယ့် သူ့ရဲ့ Registry file ကတော့ စက်ထဲမှာ ရှိအုန်းမှာပါပဲ.. ဒါဟာလည်း စက်ကို လေးလံစေတဲ့ အကြောင်းရင်းထဲမှာ အချက်တခုအဖြစ်ပါဝင် ပါတယ်..
ဒီတော့ မလိုအပ်တဲ့ Program တွေကို Uninstall လုပ်တော့မယ်ဆိုရင် Uninstaller ကောင်းကောင်းနဲ့ 
ဖြုတ်ထုတ်ပါ..ကျနော် ကတော့ Revo Uninstaller Pro ကိုအကြိုက်ဆုံးပါ..
သူ့ကို ဒီမှာ ယူနိုင်ပါတယ်..
နောက်တချက် ကွန်ပျူတာကို CCleaner လို advanced systemcare
လိုမျိုးနဲ့ တပတ်တခါ သန့်ရှင်းရေးလုပ်ပါ..
နောက်တဆင့်ကတော့ ဆော့ဝဲမပါပဲ..သန့်ရှင်းရေးလုပ်တဲ့ နည်းလမ်းတွေပါ..
အရင်ဆုံး ..Start menu > Run box ( Win + R )ကို နှိပ်ပါ..
(၁)
ကျလာမဲ့ Run box ထဲမှာ Temp ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ ..ကျလာတဲ့ ဖိုင်တွေကို အကုန်ဖျက်ထုတ်ပါ.. မပျက်ပဲ တခု နှစ်ခု ကျန်နေတတ်ပါတယ် ထားလိုက်ပါ..
(၂)
Run box ထဲမှာ %temp% ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ ..ကျလာတဲ့ ဖိုင်တွေကို အကုန်ဖျက်ထုတ်ပါ.. မပျက်ပဲ တခု နှစ်ခု ကျန်နေတတ်ပါတယ် ထားလိုက်ပါ..
(၃) 
Run box ထဲမှာ prefetch ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ ..ကျလာတဲ့ ဖိုင်တွေကို အကုန်ဖျက်ထုတ်ပါ...
(၄)
Run box ထဲမှာ msconfig ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ..
ကျလာတဲ့ windows ထဲက boot ကိုနှိပ်ပြီး Timeout မှာ 3 seconds ထားပြီး apply > ok..
(၅)
Run box ထဲမှာ msconfig ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ..
ကျလာတဲ့ windows ထဲက startup ကိုနှိပ်ပြီး ကွန်ပျူတာ ဖွင့် ဖွင့်ချင်း ကိုယ်အသုံးမလိုတာတွေကို
Disabled လုပ်ပြီး ပြန်ထွက်လိုက်ပါ..
(၆)
Computer ကို right click ပေးပြီး manager ကိုဝင်ပါ Event Viewer ကနေ Windows Logs ကို click ပါ
ကျလာတဲ့ Application / Security / Setup / System / Forwarded Events ကျလာရင် ..
တခုချင်းကို right click ပြီး clear log ကိုရွေးပြီး အကုန်ဖျက်ထုတ်လိုက်ပါ..
(၇)
Computer ကိုဖွင့်ပါ။ မိမိစက်ရဲ့ ဝင်းဒိုးတင်ထားတဲ့ drive ကို right click လုပ်ပြီး properties ကိုသွားပါ။ General Tab အောက်မှာ Disk Clean Up ဆိုတာကို နှိပ်ပါ။ ခဏစောင့်လိုက်ပြီး ပေါ်လာတဲ့ box မှာ More Option ကိုသွားပါ။System Restore အောက်က Clean Up ဆိုတာကို click လုပ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးပြန်ထွက်လိုက်ပါ။
ကွန်ပြူတာကို Restart လုပ်လိုက်ပါ။ အရင်ကထက် ပိုမြန်လာတာကိုတွေ့ရမှာပါ။
Tuesday, April 21, 2015
ကီးဘုတ်ကို ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ
 ကီးဘုတ်ကို ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ
**********************
၁။ အကယ်၍ Laptop ကိုဖွင့်ထားပါက ပိတ်လိုက်ပါ။ Sleep mode ဖြစ်နေသည့် အချိန်တွင် သန့်ရှင်းရေးမလုပ်ပါနှင့်။
၂။ ကီးဘုတ်တွင်ရှိနေသည့် ဖုန်များကို ဖယ်ထုတ်ရန်အတွက် လေမှုတ်ဘူးသုံးပြီး မှုတ်ပါ။
(Compressed Air and Common lint-free cloth များကို စာရေးကိရိယာဆိုင်များတွင်
ဝယ်ယူရရှိနိုင်ပါတယ်)
၃။ အ၀တ်သန့်သန့်တစ်ခုကို ရေအနည်းငယ်ဆွတ်ပါ။ (ရေမလောင်းပါနှင့်) သို့မဟုတ်
Spray ဖြင့် ဖျန်းပြီး အနည်းငယ်သန့်အောင် လုပ်ပါ။
၎။ ထိုအ၀တ်စဖြင့် ကီးဘုတ်ကို ဖြည်းညင်းစွာသုတ်ပေးပါ။
၅။ ထို့နောက် အ၀တ်ခြောက်ဖြင့် ပြန်သုတ်ပေးပါ။
၆။ ရေနှင့် အခြား မည်သည့်အရည်ကိုမဆို ကီးဘုတ်ပေါ်သို့ တိုက်ရိုက်မလေားမိပါစေနှင့်။
၎င်း အရည်များက သင့်ကီးဘုတ်ကို ပျက်စီးစေရုံမျှမက ကွန်ပျူတာထဲရှိ Circuit အချို့ကိုပါ ပျက်စီးစေနိုင်သည်။
၂။ Laptop ကိုယ်ထည်ကို ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ
၁။ လေမှုတ်ဘူးကို သုံးပြီး၊ ကွန်ပျူတာကိုယ်ထည်၏ နေရာအနှံ့ကို မှုတ်ပေးခြင်းဖြင့် ကိုယ်ထည်တွင် ကပ်နေသည့် ဖုန်မှုန့်များနှင့် အမှိုက်များကို ဖယ်ရှားပေးနိုင်သည်။ Laptop ၏ လေ၀င် လေထွက် နေရာများကိုလည်း လေမှုတ်ပေးပါ။ Laptop ၏ အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။
၂။ လေမှုတ်ဘူးကို မသုံးမီ မလှုပ်ခါမိပါစေနှင့်။ ဘူးကို လှုပ်ခါခြင်းဖြင့် ရေငွေ့များဖြစ်စေပြီး၊ သင့် Laptop ၏ အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။
၃။ အ၀တ်နုနုပေါ်တွင် ဆေးရည်အနည်းငယ်ဖျန်းပါ။ သို့မဟုတ် ရေနည်းနည်းဆွတ်ထားပါ။
၎။ Laptop ကိုယ်ထည်ကို နေရာအနှံ့ ပွတ်ပေးပါ။
၅။ စိုနေသည့် နေရာများကို ခြောက်အောင်ပြန်သုတ်ပါ။
၃။ Laptop Screen ကိုသန့်ရှင်းရေးလုပ်ခြင်း
Laptop ကို ပါဝါပိတ်ထားပါ။ လေမှုတ်ဘူးဖြင့် Screen ၏ နေရာအနှံ့ကို မှုတ်ပေးပြီး ဖုန်မှုန့်များကို ဖယ်ရှားပေးနိုင်သည်။
အ၀တ်သန့်သန့်ပေါ်တွင်ရေ သို့မဟုတ် ဆေးရည်အနည်းငယ်ဆွတ်ပါ။
အသုံးပြုနိုင်သည့် ဆေးရည်သည် LCD သို့မဟုတ် LED Screen များအတွက် အသုံးပြုနိုင်သည့် ဆေးရည်မျိုးဖြစ်ရမည်။ အကယ်၍ အခြားဆေးရည်များသုံးမိပါက Screen ကို ပျက်စီးစေနိုင်သည်။
ထိုအ၀တ်အစဖြင့် Screen ကို ဖြည်းညင်းစွာ သုတ်ပေးပါ။
မျက်နှာပြင်ကို သုတ်ရန် ရေစုပ်ယူမှုနည်းသည့် နူးညံ့သော အ၀တ်ပါးမျိုးကို အသုံးပြုပါ။ အခြားပိတ်စများသည် ကွန်ပျူတာမျက်နှာကို အစင်းရာများဖြစ်စေသည်။ အ၀တ်စဖြင့် သုတ်သည့်အခါ အားနှင့် မဖိဘဲ ညင်သာစွာ ဖိတိုက်ပေးပါ။ ဖိအားများများဖြင့် ပွတ်တိုက်သည့် အခါ ကွန်ပျူတာ၏ အခြားအစိတ်အပိုင်းများကိုပါ ပျက်စီးစေနိုင်သည်။
တင်ကျန်နေသော ရေမှုန်များကို ပြန်သုတ်ပေးပါ။
Laptop Computer အသုံးချလက်စွဲစာအုပ်မှ မျှဝေတင်ပြလိုက်သည်။
လေးစားစွာဖြင့်
IT-GUIDE (N..L..H)
****************
.
အောင်ခမ်း (ရိုးရာလေး)
(Unicode version)
ကမ္ဘာ့ အသက်အငယ်ဆုံး အိုင်တီ ပညာရှင်
Ayan Qureshi အမည်ရ ကလေးငယ်ဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ Microsoft က စစ်တဲ့ Microsoft Certified Professional စာမေးပွဲကို အောင်မြင်ခဲ့ပြီး အဲ့တုန်းက အသက်ဟာ ၅ နှစ်နဲ့ ၁၁လ ပဲ ရှိပါသေးတယ်။ ဒါကြောင့်မို့ ကမ္ဘာ့ အသက် အငယ်ဆုံး အိုင်တီ ပရော်ဖက်ရှင်နယ် တစ်ဦး အဖြစ် ကမ္ဘာ့ စံချိန်တင်ခဲ့ ပါတယ်။
သူ့အရှေကမှာ စံချိန်တင်ခဲ့ အသက် ၆ နှစ်ကျော်လို့ သူက စံချိန်ချိုးသွားတာ ဖြစ်ပါတယ်။ Ayan ဟာ ပါကစ္စတန်နိုင်ငံဖွား ဖွားပေမယ့် အင်္ဂလန်န်ိုင်ငံမှာ ကြီးပြင်းပါတယ်။ ယခုတော့ သူ့ရဲ့ အိမ်ထဲမှာ ကွန်ပြူတာ Lab တစ်ခု ထားရှိပြီး Networking များကို သူကိုယ်တိုင် ပြုလုပ်ထားပါတယ်။ Windows ရဲ့ Operating System အပြင် အခြားသော OS များကိုလည်း လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ကို သူနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ အိုင်တီ ဥာဏ်ကြီးရှင် ကလေး လို့ ပြောစမှတ်ပြုကြ ပါတယ်။
Microsoft ရဲ့ ပိုပြီးတော့ အဆင့်မြင့်တဲ့ စာမေးပွဲများကိုလည်း ဖြေဆိုရန် ပြင်ဆင်နေပါတယ်။ သူ့ရဲ့ အကြောင်းကို http://ayanqureshi.com/ ထဲမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ 
.
အောင်ခမ်း (ရိုးရာလေး)
Friday, April 10, 2015
Photo ဇစ်မြစ် ရှာကြည့်ခြင်း
Photo ဇစ်မြစ် ရှာကြည့်ခြင်း
photo အပုံတစ်ပုံကို photo shot ကိုအသုံးပြုပြီးပြင်ထားတာလာ
ဒါမှမဟုတ် တစ်ကယ်အစစ်အမှန်ဓာတ်ပုံတစ်ခုလားဆိုတာကို
 သေသေချာချာစစ်ကြည့်တဲ့နည်းလေးကိုပြန်လည်မျှဝေပေးလိုက်တာပါ..
သူများတင်ထားတဲ့အပုံကသူတစ်ကယ်အမှန်တင်ထားတာလား ...
ကိုယ့်ကိုလိမ်နေတာလားဆိုတာကို
ဘယ်သူ့ ကိုမှမမေးပဲကိုယ့်ဘာသာကိုယ်စစ်လို့ ရနိုင်အောင်လုပ်တဲ့နည်းပါ..
.အသုံးဝင်တဲ့နည်းလမ်းလေးမို့ သူငယ်ချင်းတို့ အားလုံးသိထားသင့်တယ်ထင်လို့ တင်ပေးလိုက်တာပါ...
အားလုံးအဆင်ပြေပါစေ...
Wednesday, April 8, 2015
Format Factory 100% FREE
                                                             100% FREE
Format Factory
Format Factoryဆိုလူတိုင်းနီပါသုံးနေကြ သိနေကြပါတယ်
အထူးပြောစရာလိုမယ် မထင်ပါဖူး
Converter တွေထဲမှာ အကောင်းဆုံးလို့တောင်ပြောရမှာပါ
Freeလဲပေးထားပါတယ်
ကွန်ပျူတာသမားများအတွက်အကောင်းဆုံးပါပဲ
ညွှန့်မနေတော့ပဖူးအောက်ကလင့်တွေ့ထဲက
ကြိုက်ရလင့်တစ်ခုကနေဒေါင်းယူလိုက်ပါနော်
Friday, April 3, 2015
Photoshop သင်ခန်းစာများ အခမဲ့ လေ့လာနိုင်သော အကောင်းဆုံး Website များ
Photoshop သင်ခန်းစာများ အခမဲ့ လေ့လာနိုင်သော အကောင်းဆုံး Website များ
Photoshop ဆိုတာ ပုံပြင်တဲ့ ဆော့ဝဲတစ်ခုလို့ အများစု ကသိထားကြပါတယ်
ဒါပေမယ့် ပုံပြင်တာတစ်ခုတည်းတင်မဟုတ်ဘဲ လုပ်နိုင်စွမ်းတွေများလှတဲ့
Photoshop နည်းပညာတွေက အရမ်းကို ကျယ်ပြန့်ပါတယ်။
Design သမားများအတွက် မသိမဖြစ်သော အရာတွေ ကို လည်း လေ့လာနိုင်ပါတယ်
မိမိစိတ်ကူးပေါ်မူတည်၍ ဖန်တီးသော ဒီဇိုင်းတွေ ကွာခြားသွားတာ တွေ့ရမှာပါ။
ဒါပေမယ့်လည်း အခြေခံသဘောတရားလေးတွေကို သိထားမှသာ ကိုယ့် talent နဲ့
ပေါင်းစပ်နိုင်မှာဖြစ်ပါတယ် ။  အခုနောက်ပိုင်း ခေတ်စားလာတဲ့ 3D ဒီဇိုင်းတွေပါ
ဖန်တီးလာနိုင်မယ့် သင်ခန်းစာတွေပါ ပါဝင်ပါတယ်။
   ကျွန်တော်ကတော့ Beginner က စလို့ Advance သမားတွေ
အထိ အသုံးဝင်တဲ့ လေ့လာသင့်တဲ့ ဆိုဒ်အနည်းငယ်ကို လမ်းညွှန်ပေးလိုက်တာပါ
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.net
Google က Memory Stick အရွယ်သာရှိတဲ့ Chrome OS Computer ကို ရောင်းချ
 Google က Memory Stick အရွယ်သာရှိတဲ့ Chrome OS Computer ကို ရောင်းချ 
*********************************
                 http://cdn1.tnwcdn.com/wp-content/blogs.dir/1/files/2015/03/Group_Asus_Chromestick_V1-1_1000-730x459.png
Google က Memory Stick အရွယ်သာရှိတဲ့ Chrome OS Computer ကို ပြသလိုက်ပါတယ်။ အဲဒီ ကွန်ပြူတာကို HDMI တပ်ဆင်ထားတဲ့ ဘယ်လို Display မျိုးနဲ့ မဆို တွဲဖက် အသုံးပြုနိုင်ပါတယ်။ HDMI Port ပါတဲ့ တီဗီများမှာလည်း တပ်ဆင်အသုံးပြုနိုငိပါတယ်။ Chromebit လို့ အမည်ပေးထားပြီး Asus နဲ့ ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Chromebit မှာ Quad-Core Mali 760 Graphics, Rockchip RK3288 Processor, 2GB RAM, 16GB Solid State Storage ပါရှိပါတယ်။ WiFi ချိတ်ဆက်နိုင်ပြီး Bluetooth 4.0 ဆက်သွယ်မှုလည်း ပါရှိပါတယ်။ USB 2.0 Port ပါတဲ့အတွက် ဒေတာတွေကို ကူးပြောင်းနိုင်ပါတယ်။
Chrome OS ဆိုတာကတော့ Web App များနဲ့ ဘရောက်စာကို အသုံးပြုဖို့ အဓိက ဒီဇိုင်းလုပ်ထား တာ ဖြစ်ပါတယ်။ Chromebit ကို ဒေါ်လာ တစ်ရာနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
Tuesday, March 31, 2015
Window Shutdown ပြသာနာဖြေရှင်နည်း
------------Window Shutdown ပြသာနာဖြေရှင်နည်း-----------
---------------------------------------------------------------------------
သာမန်အားဖြင့် Window ပြန်တင်လိုက်ရင်ကျိန်းသေပြန်ကောင်းမှာပါ
Virus ကိုက်သွားတဲ့အခါ၊မီးအားအတက်အကျမမှန်တဲ့အခါ၊အသုံးပြုသူရဲ့မကျွမ်းကျင်မှု..စသဖြင့်
Computer Shutdown လုပ်တဲ့အခါမှာ တန်းပိတ်မသွားဘဲ..Error တွေတက်နေတတ်ပါတယ်။ ဒါမှမဟုတ်ရင်လဲ
ကွန်ပျူတာပိတ်လိုက်တဲ့အခါမှာ လုံးဝပိတ်မသွားတော့ဘဲ Window is Shutting Down ဆိုတဲ့နေရာမှာဘဲတစ်နေ
တတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုး ကြုံနေရပြီဆိုရင်တော့ Window ကို Repair လုပ်၊ ဒါမှမဟုတ်မဟုတ်ရင်
CD-ROM မှာ WindowXP CD ကိုထည့် ပြီးရင် Run Box မှာ sfc /scannow လို့ရိုက်ထည့်လိုက်ပါ။ Window
System ဖိုင်တွေကို စစ်ဆေးပြီးပြန်လည်ပြုပြင်ပေးသွားမှာပါ။ အဲဒီ နည်းတွေနဲ့လည်း Shutdown ပိတ်တာကြာ
တဲ့ပြသနာကိုဖြေရှင်းနိုင်ပါတယ်။
နောက်တစ်နည်းကတော့Shutdown Shortcut တစ်ခုကို Desktop ပေါ်မှာဖန်တီးပြီး ကွန်ပျူတာကို အမြန်ပိတ်မှာပါ
ပထမဆုံးအနေနဲ့ Desktop ရဲ့လွတ်နေတဲ့တစ်နေရာမှာ Right Click ထောက်..New>Shortcut ဆိုတာကိုကလစ်
လိုက်ပါ။ Create Shortcut ဆိုတဲ့ Box တစ်ခုပေါ်လာပါမယ်။ အဲဒီ Box ထဲမှာ Shutdown.exe –s –t 0 ဆိုပြီးရိုက်
စနစ်တကျရိုက်ထည့်ပေးပါ။ ထည့်ပြီးရင် Next>Finish ဆိုပြီးလုပ်လိုက်တာနဲ့..Desktop ပေါ်မှာ Shutdown Shortcut လေးတစ်ခု
ပေါ်လာမှာပါ။ အဲဒီ ဖိုင်လေးကို ကလစ်လိုက်ရုံနဲ့ ဘာပြသနာမှ မရှိတော့ဘဲ ကွန်ပျူတာအမြန်ပိတ်သွားမှာပါခင်ဗျာ
( ဒီနေရာမှာ Shutdown နဲ့ပတ်သက်လို့နည်းနည်းရှင်းပြပါမယ်)
ပုံမှန်ပိတ်နေ
ကျ Start မှာရှိတဲ့ Shutdown ဟာပိတ်တဲ့အခါမှာ ၀င်းဒိုးစ်ရဲ့စနစ်ဖိုင်တွေကိုတစ်ခုခြင်း လိုက်ပိတ်ပြီးမှ မော်နီတာ
ပိတ်သွားတာပါ။ အဲဒီလိုမျိုးလိုက်ပိတ်တဲ့အခါမှာ စနစ်ဖိုင်တစ်ဖိုင်ပျောက်ဆုံးနေရင် ဒါမှမဟုတ် ဖိုင်တစ်ဖိုင်ကိုလုံးဝ
မပိတ်နိုင်တော့တဲ့အခါမှာ ရပ်နေပါတော့တယ်။အဲဒီအခါမှာ CPU ရဲ့ပါဝါခလုပ်ကို နှိပ်ထားလိုက်ရင် မော်နီတာပိတ်သွားပါမယ်။ဖြစ်လာခဲ့ရင်လဲ ပိတ်နည်းက အဲဒီနည်းဘဲရှိပါတယ်။ဒါအလုပ်မဟုတ်ပါဘူး..ရေရှည်မှာ စက်ရဲ့အစိတ်အပိုင်းများကိုထိခိုက်တော့မှာဖြစ်ပါတယ်။ ပြောပြထားတဲ့ Shortcut ဖန်တီးလိုက်ခြင်းသည်စက်ရဲ့ဘယ်စနစ်ဖိုင်ကိုမှတစ်ခုခြင်းလိုက်ပိတ်နေခြင်းမဟုတ်ဘဲ..တစ်ခါတည်းဘာကိုမှမ
စောင့်ဘဲ အမြန်ပိတ်လိုက်ခြင်းပင်ဖြစ်ပါတယ်။အခု ပြောပြတဲ့နည်းက Shutdown Problem ဖြစ်နေတဲ့စက်များအတွက်သာရည်ရွယ်ပါတယ်။ ဘာမှမဖြစ်တဲ့စက်များ ပြုလုပ်ရန်မသင့်ပါ။ Shutdown မြန်အောင်
လုပ်နည်း..နည်းလမ်းများစွာရှိပါတယ်။
ကဲ..အခုနောက်ထပ် Shutdown Problem ဖြေရှင်းတဲ့နည်း ဒါမှမဟုတ် Shutdown မြန်မြန်ပိတ်တဲ့နည်းလမ်းတွေ
ကိုထပ်မံပြီးတင်ပေးလိုက်ပါတယ်ခင်ဗျာ……..။ ပိတ်တဲ့အခါမြန်ချင်ရင်..နည်းလမ်း(၁)
Start>Run (Box) မှာ regedit လို့ရိုက်ထည့်ပါ။ HKEY_LOCAL_MACHINE \ System \ Current ControlSet \ Control ဖိုလ်ဒါသို့အဆင့်ဆင့်ဝင်ပါ။ Control ကိုကလစ်လုပ်ပြီး မြင်ကွင်း ညာဘက်မှာရှိတဲ့ Wait ToKillServiceTimeout ကိုကလစ်နှစ်ချက်နှိပ်ပါ။ သို့မဟုတ် ၄င်းစာသားပေါ်သို့မောက်စ်ညာကလစ်နှိပ်ပြီး Modify ကိုရွေးချယ်ပါ။ ပေါ်လာတဲ့ Edit String (box) မှာ value data: ကို 20000 လို့ပြထားတာ တွေ့ရပါမယ်။ ၄င်းကို
5000 သို့မဟုတ် 1000 သို့မဟုတ် နှစ်သက်သလို ပြင်ပေးလိုက်ပါ။ ပြီးရင် registry ကို Exit ပေးပြီး ကွန်ပျူတာကို
Restart လုပ်လိုက်ပါ။
နည်းလမ်း(၂)—Start>Run (box) မှာ regedit လို့ရိုက်ထည့်ပါ။ HKEY_CURRENT_USER \Control Panel\Desktop ကို ကလစ်လုပ်ပြီး မြင်ကွင်း ညာဘက်မှာရှိတဲ့ AutoEndTasks (Key) ကို ကလစ်နှစ်ချက်နှိပ်ပါ။
သို့မဟုတ် ၄င်းစာသားပေါ်သို့ မောက်စ် ညာကလစ်နှိပ်ပြီး Modify ကိုရွေးချယ်ပါ။ ပေါ်လာတဲ့ Edit String (box) မှာ value data:0 ကို 1 သို့ပြောင်းပါ။ ပြီးရင် ထုံးစံအတိုင်း Computer ကို Restart ချလိုက်ပါ။
နည်းလမ်း(၃)--ကွန်ပျူတာကို ပိတ်လိုက်ပေမယ့် နောက်ခံမှာ ဆော့ဖ်ဝဲတစ်ခုခုက Run နေဆဲဖြစ်နေတတ်ပါတယ်။
Start/Run ကိုဖွင့်လို့ရရင် သို့မဟုတ် ကွန်ပျူတာကို Restart ခလုပ်ပြန် နှိပ်ပြီး Start/Run (box) မှာ msconfig
လို့ရိုက်ထည့်ပါ။ Services မှာ ကိုယ်မဖွင့်ရပါဘဲနဲ့ အလုပ်လုပ်နေ (Running) ဖြစ်နေတဲ့ဆော့ဖ်ဝဲများကို တွေ့ရ
ပါမယ်။ ထို့အတူ Start-up မှာလည်း ၀င်စစ်ကြည့်ပါ။ ၄င်းမှ မလိုအပ်တဲ့ အလုပ်များကို Disabled သို့မဟုတ်
Stopped လုပ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်မသိဘဲ နောက်ခံမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲ (လုပ်ငန်း)
များကြောင့် ကွန်ပျူတာကို ပိတ်ဖို့ရာ အချိန်ဆွဲနေသလိုဖြစ်နေတတ်ပါတယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲ များစွာသုံး
ထားပြီး space နေရာကလည်း အလွန်နည်းနေတယ်ဆိုရင် ကွန်ပျူတာပိတ်တဲ့အခါ ၄င်းတို့ကို settings များကို
Save လုပ်နေရလို့ကြာတာလည်းဖြစ်နိုင်ပါတယ်။
နည်းလမ်း(၄)--ကွန်ပျူတာကိုမပိတ်ခင် Crtl+Alt+Del ကိုနှိပ်ပြီး Task Manager ကိုဖွင့်ပါ။ Applications မှာအလုပ်လုပ်(Run)နေတဲ့ လုပ်ငန်းများတွေ့ရင် shutdown လုပ်ပိတ်လိုက်ပါ။ ပြီးမှ ကွန်ပျူတာကို ပိတ်ပါ။
နည်းလမ်း(၅)--ကွန်ပျူတာမှာ Virus, Malware , Spyware စသည်ရှိနေရင်လည်း စနစ်ကို ပုံမှန်ဖြစ်အောင် မလုပ်
ဆောင်နိုင်လို့ ပိတ်ရာတွင် ကြာနေခြင်းလည်းဖြစ်နိုင်ပါတယ်။ ၄င်းအတွက် ဗိုင်းရပ်စ် ရှင်းလင်းခြင်းနဲ့အတူ Malware Spyware remover, registry cleaner, disk optimizers, windows update စသည့် လုပ်ငန်းစဉ်များ
ကိုပြုလုပ်ကြည့်ပါ။ အဆိုပါ လုပ်ငန်းများကိုအထောက်အကူပြုစေရန်www.malwarebytes.org, www.iobit.com/beta.html, www.ccleaner.comများကိုဖွင့်ပြီး လိုအပ်တဲ့ ဆော့ဖ်ဝဲများကို ရယူအသုံးပြုကြည့်ပါ
နည်းလမ်း(၆)—CD Drive မှာ ၀င်းဒိုးစ်စီဒီထည့်ထားပြီး Start>Run(box) မှာ sfc /scannow လို့ရိုက်ထည့်ပါ။
Sfc နဲ့ / ကြားမှာ space တစ်ချက်ခံပါတယ်။ CD Drive မှာ ၀င်းဒိုးစ်စီဒီမရှိရင် တောင်းပါလိမ့်မယ်။ ၄င်းသည်
ကွန်ပျူတာမှာ ပြသနာရှိနေတယ်ဆိုရင် စစ်ပြီးပြင်ပေးပါလိမ့်မယ် ။ အချိန်အနည်းအငယ်တော့ကြာပါတယ်။
လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့အတွက်..မည်သူမဆို အသုံးပြုနိုင်ပါတယ်။ ယခု နည်းလမ်းသည် ကွန်ပျူတာ
တွင် အခြားသော ပြသနာရပ်အချို့ကိုလည်း အလိုလို စစ်ဆေးပြီးပြင်ဆင်ပေးနိုင်ပါတယ်။ လုပ်ကြည့်ပါ။
နည်းလမ်း(၇)—အခု ကျွန်တော် Shutdown နဲ့ပတ်သက်တဲ့ Command များအကြောင်းကို ဗဟုသုတအနေနဲ့ ရှင်းပြပေးပါမယ်……………..။
Shutdown shortcut ခလုတ်တစ်ခုကိုတည်ဆောက်ပါမယ်။ Desktop တစ်နေရာမှာ မောက်စ် ညာကလစ် နှိပ်ပါ။ New ကနေ Shortcut ကိုရွေးချယ်ပါ။ Create Shortcut (box) ပေါ်လာပါမယ်။ အဲဒီ box ရဲ့
Type the location of the item မှာ Shutdown –s လို့ရိုက်ထည့်ပါ။ အမည်တစ်ခုခုပေးပါ။ Restart ပြန်လုပ်ရင်
Shutdown –r လို့ရိုက်ပါ။ အမည်ကို Reboot သို့မဟုတ် Restart လို့ပေးနိုင်ပါတယ်။
Shutdown –f လို့ရိုက်ထည့်မယ်ဆိုရင် ၄င်းသည် ဖွင့်ထားတဲ့ ၊ အလုပ်လုပ်နေတဲ့ အခြားဆော့ဖ်ဝ်နဲ့ လုပ်ငန်းများကို ထည့်မစဉ်းစားဘဲအတင်းပိတ်ပေးပါလိမ့်မယ်။
shutdown –l ဆိုရင် လက်ရှိ User အတွက် logoff လုပ်ပေးပါမယ်……….။
shutdown –t nn သည် သတ်မှတ်ပေးတဲ့ အချိန်စက္ကန့်ကိုစောင့်ဆိုင်းပေးပါမယ်..။ nn နေရာမှာ စက္ကန့်ကို ထည့်ပေးပါ။
Shutdown –c “message” သည် သင်ပြလိုတဲ့သတင်းစာသားတစ်ခုခုကို System Shutdown Windows မှာ ပြပေးမှာဖြစ်ပြီး ၄င်းအတွက် စာလုံးရေ ၁၂၇လုံး အထိရိုက်ပေးနိုင်ပါတယ်။ ဘေးက Quotation marts ခံပေးပါ။
Shutdown –r –m //152.152.152.152 (ip address) ဆိုရင် အဲဒီ ip address ရှိတဲ့ ကွန်ပျူတာကို ပိတ်ပြီး restart ပြန်လုပ်စေမှာပါ။ Shutdown –i ဆိုရင်တော့ server နဲ့ ၄င်း work Station များကို ပိတ်ပြီး restart ပြန်လုပ်စေပါတယ်။ အချို့က လုံးဝပိတ်ဖို့ရာ shutdown –s –t 04 –c လို့ရိုက်ကြပါတယ်။
Reboot (or) Restart အတွက် shutdown –r –t 04 –c လို့ရိုက်ပြီး shortcut တည်ဆောက်ကြပါတယ်။ အချို့က ပိတ်ဖို့ရာ shutdown –s –t 01 လို့ရိုက်ပြီး Reboot အတွက် shutdown –r –t 01 လို့ရိုက်ကြပါတယ်။
Shutdown –s –t 1500 ဆိုရင်တော့ ကွန်ပျူတာက ချက်ချင်း shutdown မကျဘဲ နာရီဝက်ကြာမှ ကျသွားပါလိမ့်မယ်။ Shutdown Timer ပေးတဲ့နည်းလို့လဲပြောလို့ရပါတယ်။ ဘာမှမထိခိုက်စေတဲ့ နည်းလေးပါ။
1500 သည် မိနစ် ၃၀(နာရီဝက်) နဲ့ညီပါတယ်။ ကိုယ်လိုသလောက် အချိန်ပြောင်းလို့ရပါတယ်..။
အထက်ပါအချက်အလက်များအတွက် Start>Run (box) မှာ shutdown.exe လို့ရိုက်ထည့်ကြည့်ပါ။ ပိတ်တဲ့
Command များကိုတွေ့ရပါလိမ့်မယ်ခင်ဗျာ..။ နောက်ဆုံးအနေနဲ့ Super Fast Shutdown, Shutdown TimerXP,
JOC Master Shutdown, Auto Shutdown Genius, HSLAB Free Force Down ကဲ့သို့ ဆော့ဝ်များကို အင်တာ
နက်မှာ ရိုက်ထည့်ပြီး ရှာဖွေကာ ဒေါင်းလွတ်ဆွဲပြီးသုံးကြည့်ပါ……..။
နည်းလမ်းတွေက တစ်ခုမဟုတ်တစ်ခုတော့ အဆင်ပြေမှာပါ။
----------ရွှင်လန်းချမ်းမြေ့ပါစေ ------------
သင့်ရဲ့ကွန်ပျူတာကို မောက် မသုံး ကီးဘုတ်မသုံးဘဲ အသံဖြင့်စေခိုင်းနည်း
သင့်ရဲ့ကွန်ပျူတာကို မောက် မသုံး ကီးဘုတ်မသုံးဘဲ အသံဖြင့်စေခိုင်းနည်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
window 7 ကွန်ပျူတာကို microphone ကနေတစ်ဆင့် ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်ပါတယ် . အသုံးပြုနည်းကတော့ လွယ်ပါတယ် . အသုံးပြုနည်း (၁) start >> control panel >> Ease of Access ကို ရွေးလိုက်ပါ . (၂) speech recognition >> set up a microphone ကို နှိပ်လိုက်ပါ . (၃) microphone ကို တစ်ခါတည်း plug ထိုးထားလိုက်ပါ . အဲ့ဒါဆိုရင် Headset microphone , Desktopmicrophone, other ဆိုပြီးတော့ သုံးခုရှိတဲ့အထဲက ကိုအသုံးပြုတဲ့ microphone ကို ရွေးလိုက်ပါ ပြီးတော့ Next ပေါ့ . (၄) Next ကို ဆက်နှိပ်လိုက်ပါ . အ၀ါ၊ အစိမ်း၊ အပြာ သုံးရောင်ခြည်ထားတဲ့ အတန်းတစ်တန်းကို တွေ့ရင် မိုက်ကနေ စမ်းပြီးတော့ပြောလိုက်တာနဲ့ mic ကောင်းရင် next ကိုနှိပ်ဖို့ပေါ်လာပေးပါတယ် . နောက်တစ်ခါ next ကို ထပ်နှိပ်လိုက်ပါ . အသံပြောလိုက်ပြီးရင် အဆင်ပြေသွားပြီဆိုတာနဲ့ finish ပေါ်လာပါလိမ့်မယ် . Microphone ကိုတော့ စမ်းပြီးတော့ အိုကေသွားပြီထင်ပါတယ်
ဒုတိယအဆင့်အသံစမ်းမယ် . (၁) ဒုတိယအဆင့်က ကိုယ့်အသံကို စမ်းစစ်မယ် . နားကြပ်တပ်ထားလိုက်ပါ . (၂) start >> control panel >> Ease of Access >> start speech recognition ကိုရွေးလိုက်ပါ . (၃) ပေါ်လာတဲ့ box ကို on ထားလိုက်ပါ . ပြီးတာနဲ့ မိုက်နဲ့စမ်းပြီးတော့ အမိန့်ပေးပြီး အဖွင့်အပိတ် အမိန့်ပေးလို့ ရသွားပါပြီ . အဲ ကိုယ့်အသံက အသံနေအသံထား မှန်မမှန်ဆိုတာကို အရင်ဆုံး စမ်းစစ်လိုက်ပါ . (၄) start >> control panel >> Ease of Access >> speech recognition ကိုရွေးလိုက်ပါ (၅) train your computer to better understand you ဆိုတာကို နှိပ်လိုက်ပါ . နောက်တစ်ခုက take speech tutorial ကို ရွေးပြီးတော့လဲ ကျင့်လို့ရပါတယ် . သူပြောခိုင်းတဲ့ စကားလုံးတွေကို ကိုယ့်ပါးစပ်ကနေ လိုက်ပြောကြည့်ပါ မှန်တယ်ဆိုရင် နောက်ထပ်တစ်လုံး အလိုလိုတိုးသွားပါလိမ့်မယ် . ကဲ (၆) အားလုံး အိုကေပြီ ကိုယ့်အသံကလဲ အသံနေအသံထားမှန်ပြီဆိုရင်တော့ ဖြင့် အပေါ်က ပထမနည်းအတိုင်း အသံကို On ထားလိုက်ပါ . ပြီးတာနဲ့ အားလုံးကို ပိတ်လိုက်ပြီး မိုက်ပုံစံလေးကို နှိပ်လိုက်တာနဲ့ Off ကနေ On ဖြစ်သွားပါလိမ့်မယ် . ကဲစပြီးတော့ လက်တွေ့စမ်းကြည့်လိုက်ပါ . . ဒါပေမယ့်လွယ်ပါတယ် . စမ်းကြည့်လိုက်ပါ . အရင်ဦးဆုံး start ဆိုပြီးတော့ မိုက်နဲ့ ပြောကြည့်လိုက်ပါ . start menu bar တက်လာရင်တော့ အဲ့ဒါ အဆင်ပြေသွားပါပြီ ကျန်တာတွေကိုတော့ ကိုယ့်ဟာကိုပဲ အသံမှန်အောင် လေ့ကျင့်ပြီး ကွန်ပျူတာကို ခိုင်းလို့ရသွားပါပြီ
Facebook Photo Zoom - Add-On
Facebook Photo Zoom - Add-On
xxxxxxxxxxxxxxxxxxxxxxxxxxxxx
Facebook မှာ နှိပ်စရာမလိုပဲ မောက်(စ်) လေးထောက်ယုံနဲ့ ပုံတွေကို Zoom ချဲ့ပြီးကြည့်လို့ရမယ့် Facebook Photo Zoom - Add-On...
ကျနော်တို့တတွေ Facebook မှာ ပုံတွေကြည့်တဲ့အခါ
အကြီးချဲ့ကြည့်နိုင်ဘို့ ပုံပေါ်မှာ Click နှိပ်ပြီး Album လိုမျိုး အရှေ့အနောက် ပြောင်းနှိပ်ပေးရတာမျိုးကြုံဘူးကြမှာပါ နောက်တစ်ပုံပြောင်းကြည့်တိုင်း Click တစ်ချက်
တစ်ချက်စီနှိပ် နှိပ်ပြီး ကြည့်ကြရမှာပါ...
ဒါကြောင့်ပါပဲ Facebook ပေါ်မှာ ပုံတွေကို လွယ်ကူစွာကြည့်နိုင်ဘို့အတွက် Firefox နဲ့Google Chromeအတွက် Add-On ကောင်းကောင်းလေးတွေကို လူတွေ ဖန်တီးအသုံးပြုလာခဲ့ကြပါတယ်..အဲဒါလေးတွေ့လို့ တချို့ မသိသေးသူများလဲ အသုံးပြုနိုင်ဘို့ရန် ပြန်လည်တင်ပြပေးခဲ့ပါတယ်....
ADD ON ထည့်နည်း
Google Chrome အတွက် FB Photo Zoom Add-On ကို အောက်ကလင့်မှာ 
ပြီးရင် Install ကိုနှိပ်ပါ
Firefox အတွက်ကတော့ Facebook Photo Zoom Add-On ကိုရဘို့ ဒီအောက်ကလင့်ကိုသွားလိုက်ပါ 
ပြီးရင် Add to Firefox ကိုနှိပ်ပါ...
အသုံးပြုနည်း
Add-On တွေသွင်းပြီးရင် Facebook ဝင်ပြီး မိမိတို့ ကြည့်လိုတဲ့ ပုံပေါ်မှာ Mouse နဲ့နှိပ်စရာမလိုပဲ 
1-2 စက္ကန့်လောက် ထောက်ထားလိုက်တာနဲ့ သူ့အလိုအလျောက် ပုံကြီးချဲ့ပေးတာတွေ့ရပါလိမ့်မယ်...
ဒီနည်းအတိုင်းပဲ Mouse Pointer ကို ကိုယ်ကြည့်ချင်တဲ့ပုံတွေပေါ်မှာ 1-2 စက္ကန့်ထားပြီးကြည့်နိုင်ကြပါပြီ
နောက်တစ်ခုဖြည့်ပြောချင်တာကတော့ မောက်ရဲ့ ဘယ်ခလုတ် ညာခလုတ် မဟုတ်ဘဲ အလည်က အပေါ်အောက်လှည့်တဲ့keyလေးကို အောက်ဖိချလိုက်ပြီလဲ အပေါ်အောက် ဘေးဘယ်ညာကို အလွယ်တစ်ကူအမှန်နှုန်နဲ့ ဆွဲယူကြည့်နိုင်တဲ့အကြောင်းပါခင်ဗျာ....
xxxxxxx ရွှင်လန်းချမ်းမြေ့ပါစေ xxxxxx
Monday, March 30, 2015
Facebook Profile Picture နဲ့ Cover Photoကိုပေါင်းစပ် ဖန်တီးနိုင်မယ့် Apps
♪ Facebook Profile Picture နဲ့ Cover Photoကိုပေါင်းစပ် ဖန်တီးနိုင်မယ့် Apps ♫
1
Facebook Profile Picture နဲ့ Cover Photo တို့ကို သီးခြားစီ ပြုလုပ်ပေးနိုင်တဲ့ Apps နဲ့ Web Apps များစွာ ရှိပေမယ့် အဲဒီနှစ်ခုကို ပေါင်းစပ်ပြီး ဒီဇိုင်းဆန်းပြားစွာ ပြုလုပ်ပေးနိုင်တဲ့ Apps နဲ့ Web Apps တွေကတော့ အနည်းငယ်သာ ရှိပါတယ်။ Profile Picture နဲ့ Cover Photo တို့ကို ပေါင်းစပ်ဖန်တီးတယ်ဆိုတာကို သဘောမပေါက်ရင်တော့ အထက်ပါ ပုံကို ကြည့်နိုင်ပါတယ်။
အောက်မှာ ဖော်ပြမယ့် App နှစ်ခုကတော့ Photoshop တတ်ကျွမ်းစရာမလိုဘဲ Cover Photo နဲ့ Profile Picture တို့ကို လွယ်ကူစွာ ပေါင်းစပ်ပြုလုပ်ပေးနိုင်ပါတယ်။
Slicetige 
Slicetige ကတော့ ကွန်ပြူတာမှာ အင်စတောလုပ်ပြီး အသုံးပြုရမယ့် Desktop App ဖြစ်ပါတယ်။ အခမဲ့ ဗားရှင်းမှာ Cover Photo နဲ့ Profile Picture ကို ပေါင်းစပ်ပြုလုပ်နိုင်ပါတယ်။ တစ်ဒေါ်လာနဲ့ ၀ယ်ယူရင် Plus Version ကို ရရှိနိုင်ပြီး သင့်ရဲ့ Cover Photo မှာ Buttons, Text နဲ့ Multiple Layer များကို ထည့်သွင်းနိုင်မှာပါ။
2
Slicetige က Slicing လို့ ရည်ညွှန်းတာ ဖြစ်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးပါတဲ့ ဓါတ်ပုံတစ်ခုကို Program ထဲကို ထည့်သွင်းရမှာပါ။ အဲဒီနောက်မှာ သင့်ရဲ့ ဦးခေါင်းကို Profile Picture ရှိရမယ့် ဘောင်ထဲကို နေရာပြောင်းရွှေ့ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Profile Picture နဲ့ Cover Photo ကို သီးခြားစီ ခွဲထုတ်ပြီး သိမ်းဆည်းနိုင်မှာပါ။ အဲဒီနောက်မှာတော့ Facebook မှာ သင့်ရဲ့ Profile Picture နဲ့ Cover Photo ကို Upload ပြုလုပ်နိုင်ပါပြီ။
Slicetige ကို အောက်ပါ လင့်ကနေ ရယူနိုင်ပါတယ်။
Tricked Out Timeline 
Tricked Out Timeline ကတော့ Web App ဖြစ်တာကြောင့် ဒေါင်းလုပ် ပြုလုပ်စရာမလိုသလို သင့်ကွန်ပြူတာမှာ အင်စတောလုပ်စရာမလိုဘဲ အသုံးပြုနိုင်ပါတယ်။ အခု Web App မှာတော့ Profile Picture နဲ့ Cover Photo ကို ပေါင်းစပ် ဖန်တီးတဲ့ Effect အပြင် အခြား Effect သုံးခုကိုပါ အသုံးပြုနိုင်ပါတယ်။ နှစ်သက်ရာ Effect နဲ့ Profile Picture , Cover Photo တို့ ဖန်တီးပြီးရင် သီးခြားစီ ဒေါင်းလုပ်ပြုလုပ်ရမှာပါ။ ဒေါင်းလုပ်ပြုလုပ်ဖို့အတွက် သူတို့ရဲ့ Page ကို Like ပြုလုပ်ရမှာ ဖြစ်ပါတယ်။
3
Tricked Out Timeline ကို အောက်ပါ လင့်ကနေ သွားရောက်နိုင်ပါတယ်။
http://goo.gl/YJDnKu