KKT Repair Service

Thursday, February 26, 2015

အောင်ဓမ္မရိပ်သာ လူသတ်မှု



အောင်ဓမ္မရိပ်သာကျောင်း၌
ခေတ္တလာရောက်တည်းခိုသော
ဧည့်သည်မိသားစု တစ်စုတွင်ပါဝင်သော
စိတ်ဖေါက်ပြန်နေသည့် မိခင်ကြီးမှ
အိပ်ပျော်နေသော
သားများအား
ပုဆိန်ဖြင့်ပေါက်မှုတခု
ယနေ့ ၂၀၁၅၊ ဖေဖေါ်ဝါရီ၊၂၆ ရက်နေ့
ည ၉း၃၀နာရီအချိန်ခန့်က ဖြစ်ပွားခဲ့
========







ဖြစ်စဉ် -
အောင်ဓမ္မရိပ်သာကျောင်း
အပေါ်ဆုံးရှိ
ကျောင်း၏ခန္ဒသိမ်၌သီတင်းသုံး
နေသော ဥူးပဇင်း၏အသိ
ဒကာ မိသားစုဝင်များမှ
စိတ်ဖေါက်ပြန်နေသည့်
မိခင်ဖြစ်သူမှာ
ခရီးပန်းကာအိပ်ပျော်နေသော
သား ၃ ဦးအား
ပုဆိန်ဖြင့်ခုတ်ခဲ့ပါသည်
၆ နှစ်အရွယ်ကလေး ၁ ဦး
လူလတ်ပိုင်းအသက်မသိရသေး
၂ ဦး ပေါင်း ၃ ဦး ဒဏ်ရာရခဲ့ပါ
သည်။
၆ နှစ်အရွယ်ကလေးမှာ မစိုး
ရိမရ သော်လည်း ကျန်နှစ်ဦးမှာ
စိုးရိမ်ရသည့် အခြေအနေဖြစ်နေပါသည်။

မိခင်ဖြစ်သူမှာလည်း ကိုယ့်ကို
ကိုယ် ပုဆိန်ဖြင့် ပြန်လည်ခုတ်ထားပါသည်
စုစုပေါင်း ၄ ဦးစလုံးမှာ
ဦးခေါင်းဒဏ်ရာရကြပါသည်။
၎င်း-လူနာမျာကို
ကော့သောင်းမြို့မ-နာရေးကူညီမှုအသင်းမှ
ကားဖြင့် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံသို့တင်ပို့ထား
ပါသည်။
-------
လာရောက်ကူညီသူများအနက်
မှ အေးရိပ်ငြိမ်ရပ်ကွက်နေ
ဦးသူရိန် ဆိုသူက-“ ဦးနှောက်ဒဏ်ရာ
သည်အလွန်စိုးရိမ်ရပါကြောင်း”
သုံးသပ်ကာ စိတ်မကောင်းစွာဖြင့်
ပြောကြားပါသည်။
------
အရေးပေါ်သွေးလိုအပ်နေ
==
အရေးပေါ်သွေးလိုအပ်နေ
ကြောင်းသိရပါသည်။
ကျား (၁) အသက် -၂၈နှစ်
စိုးရိမ်ရ အသည်းအသန်ဖြစ်
ညတွင်းချင်း အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရန်
ဆေးရုံမှ တာဝန်ရှိသူ များက ဆောင်ရွက်
လျှက်ရှိပါသည်။

အခင်းဖြစ်ပွါးရာ အောင်ဓမ္မရိပ်
သာကျောင်းသို့ အခင်းဖြစ်သည်
နှင့်ချက်ခြင်းပင် ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ရောက်ရှိလာပါသည်
ခရိုင်မှူးနှင့်အတူ
မနမ၊စခမ၊ရဲအုပ်ဦးအေးကြိုင် နှင့်တပ်ဖွဲ့ဝင်များ၊ ရွှေဟင်္သာရပ်ကွက်နှင့်
ပိတောက်ရွှေဝါ ရပ်ကွက်အုပ်ချုပ်
ရေးမှူးများ မြို့မ-နာရေးကူညီမှု
အသင်းမှ ဦးဗလကြီး နှင့် အဖွဲ့ဝင်များ လာရောက်ကာ
ဆေးရုံသို့ ပို့ဆောင်ပေးခြင်း
မှုခင်းဖြစ်စဉ်ဆောင်ရွက်ခြင်း
များအား ဆောင်ရွက်လျက်ရှိပါကြောင်း။

“ Ko Min ” - Postတင်သော "ကော့သောင်းမြို့ အောင်ဓမ္မရိပ်သာကျောင်းလူသတ်မှု"Post အောက်တွင်
Comment ၀င် ရေးပေးသွားသော ကို “အာ ကာ”၏ Comment အား ကိုးကား၍ ပြန်လည်ဖေါ်ပြလိုက်ပါသည်။ ဓာတ်ပုံ- "Ko Min"




No comments:

Post a Comment

မှတ်ချက်လေးများပေးနိုင်ပါတယ်