KKT Repair Service

Tuesday, February 24, 2015

ေၾကာင္ပ်ံ (ျဖစ္ရပ္မွန္)

***** ေၾကာင္ပ်ံ (ျဖစ္ရပ္မွန္) ******
မေန႔က ျပည္မွာ မိန္းမပ်ိဳေတြအိမ္ထဲ ၀င္၀င္ေနတဲ့ ေစာရ ေသာင္းက်န္းေနတဲ့အေၾကာင္း DVB ရဲ႕ သတင္းဗြီဒီယိုေလး ၾကည့္မိေတာ့ လြန္ခဲ့တဲ့ အႏွစ္ ၂၀ က တနသၤာရီတုိင္းတစ္ခြင္ မိန္းမပ်ိဳေတြ ဖိန္႔ဖိန္႔တုန္ေအာင္ ေၾကာက္ခဲ့ၾကရတဲ့ " ေၾကာင္ပ်ံ" အေၾကာင္း ေျပာျပခ်င္လာပါတယ္...
သူ႔အေၾကာင္းေျပာရင္ မရိုေသ့ စကားေတြ ပါလာေတာ့မွာပါ သိခ်င္သူေတြ သီးခံ ဖတ္ရပါ့မယ္
အဲ့ဒီ ေၾကာင္ပ်ံ ဆိုသူက မိန္းမပ်ိဳေလးေတြရွိတဲ့ အိမ္ေတြထဲ ညဖက္ ခိုး၀င္ျပီး အတြင္းခံေတြျဖဲလို႔ အေမႊးႏုတ္တယ္လို႔ သတင္းၾကီးပါတယ္။ ညဖက္ဆိုရင္ ဟိုဖက္အိမ္က ေၾကာင္ပ်ံေၾကာင္ပ်ံ ဒီဖက္အိမ္က ေၾကာင္ပ်ံ ေၾကာင္ပ်ံ နဲ႔ ရပ္ကြက္ထဲ ပြက္ေလာရိုက္ လိုက္ဖမ္းေပမယ့္ မိေလ့မရွိပါဘူး။ အရပ္ထဲ ေျပာစကားအရ အိမ္ဘယ္လိုပိတ္ထားပိတ္ထား သူက အတက္မွာ ေၾကာင္တစ္ေကာင္အေနနဲ႔ တက္ျပီး ျပန္ဆင္းမွ လူတစ္ေယာက္အျဖစ္ အသြင္ေျပာင္းတယ္လို႔ ဆုိတယ္။
တကယ္ေတာ့ သူနဲ႔ က်ေနာ္ အေတာ္ေလးနီးစပ္ခဲ့ သိကၽြမ္းခဲ့ဖူးပါတယ္။...

သူဒီလို ေသာင္းက်န္းေနတာ က်ေနာ္ စၾကားဖူးတာက က်ေနာ္ ဆယ္တန္းႏွစ္ တနသၤာရီတုိင္း ေလာင္းလံုးျမိဳ႕မွာ ေနစဥ္ကျဖစ္ပါတယ္။...
ေနာက္က်ေနာ့္ ေဖေဖက ေကာ့ေသာင္းျမို႕ကို ျမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴး တာ၀န္နဲ႔ ေျပာင္းေရႊ႕လာျပီးတဲ့ေနာက္ ေကာ့ေသာင္းအထိ ဒီငတိ ေသာင္းက်န္းပါတယ္။
ေကာ့ေသာင္းမွာလည္း ေၾကာင္ပ်ံ ဆုိ မိန္းကေလးေတြ သိပ္ၾကာက္ၾကတာေပါ့။ ေထာက္လွမ္းေရး၊ SB၊ ရဲ စသည္ျဖင့္ အဖြဲ႔ ေပါင္းစံုက သူ႔ကို ဖမ္းဖို႔ ၾကိဳးစားၾကရင္း ေနာက္ဆံုးမွာေတာ့ ေကာ့ေသာင္းမွာပဲ သူ႔ကို ဖမ္းမိသြားပါေတာ့တယ္။
ဖမ္းတာက တစ္ၾကိမ္မကသလို အၾကိမ္ၾကိမ္ ျဖစ္ျပီး ေနာက္ဆံုးမိတဲ့အခ်ိန္မွာလည္း လြယ္လြယ္ကူကူဖမ္းမိခဲ့တာ မဟုတ္ပါဘူး။
တာ၀န္ရွိသူေတြက ေၾကာင္ပ်ံ ဆုိတာ ဘယ္သူလဲ ဘယ္မွာေနတယ္ဆုိတာ သိျပီးေနာက္မွာေတာင္ မိဖို႔ မနည္းကို ဖမ္းခဲ့ရတာပါ။ သူအိပ္ေနတုန္း မင္းလားကြ ေၾကာင္ပ်ံ ဆိုျပီး ကုတ္ဆြဲလိုက္တာေတာင္ စြပ္ကနဲဆုိ အက်ီပဲ က်န္ခဲ့ျပီး လူက ဘယ္ေပ်ာက္သြားမွန္း မသိသည္အထိ ဒီငတိ စြမ္းခဲ့ပါတယ္။ အျမင့္ၾကီးခုန္ႏုိင္တာက ဖမ္းသူေတြ အခက္ေတြ႕ေစတဲ့ သူ႔အစြမ္းေပါ့..
ေနာက္ဆံုး ဖမ္းတဲ့အခ်ိန္ မိန္းမ မီးေနသည္၀တ္တဲ့ ထမိန္ေတြ အထိသံုးလို႔ ရပ္ကြက္ကလူေတြနဲ႔ေပါင္း ဖမ္းခဲ့တာပါ။
သူ႔နာမည္က ကိုေက်ာ္သိန္းပါ။ ေပါင္တစ္ဖက္စီမွာေၾကာင္အရုပ္ တရုပ္စီရွိျပီး တစ္ေကာင္က အတက္ တစ္ေကာင္က အဆင္းပံုပါ...
သူကို ဖမ္းမိျပီးတဲ့အခါ သူ႔ဓါတ္ပံု ၾကည့္လုိက္ေတာ့မွ က်ေနာ္ ေလာင္းလံုးမွာ ေက်ာင္းတက္စဥ္က က်ေနာ့္ သူငယ္ခ်င္းရဲ႕ အစ္မ မသီတာ နဲ႔ လက္ထပ္ထားတဲ့ ကိုေက်ာသ္ိန္းမွန္း သိရတာ... အျပင္ပံုသ႑န္မွာေတာ့ အသားက ျဖဴျဖဴ ပိန္ပိန္ပါးပါး ေနပံု ထိုင္ပံု စကားေျပာပံု ေအးေဆးတဲ့ သူ႔ကုိ ဒီလိုလူမွန္း သိလုိက္ရတာ က်ေနာ္ အံ့ၾသမဆံုးရွိခဲ့ပါတယ္။
သူ႔ကို စစ္ေဆးတဲ့ စစ္ခ်က္ကို က်ေနာ္ ေဖေဖ့ဆီက ေတာင္းဖတ္ဖူးတယ္။
သူေျဖတာက ရိုးရိုးပါပဲ သူက တဏွာေစာရ ဆုိေပမယ့္ လစ္ရင္ လစ္သလို ကက္စက္ေတြ ဘာေတြလည္း ယူလာတတ္ေၾကာင္း ထြက္ဆိုပါတယ္။

မိန္းကေလးအိမ္ေတြတက္ စပိုတာေတြျဖဲ ဘာလုပ္ဖို႔လဲလို႔ ေမးေတာ့ ဆန္႔က်င္ဖက္ လိင္အဂၤါကို ၾကည့္ခ်င္လို႔ လုပ္တာပါလို႔ ေျဖတယ္။ စပိုတာကို ဘရိတ္ဓါးနဲ႔ျဖဲ ဓါတ္မီးနဲ႔ထိုးၾကည့္သတဲ့... သူကေတာ့တျခား ဘာမွ မလုပ္ဘူးလို႔ ေျဖပါတယ္။ ဒီေလာက္နဲ႔ ရပ္တယ္လို႔ က်ေနာ္ကေတာ့ သိပ္မယံုပါဘူး..
စကားခ်ဴပ္ရရင္ လြန္ခဲ့တဲ့ အႏွစ္ ၂၀ ေလာက္က ေကာ့ေသာင္းကေန သူ႔ကို ႏွစ္ရွည္ေထာင္ခ်ခဲ့ျပီး သူ႔သတင္းလည္း ေပ်ာက္ကြယ္ခဲ့ရပါတယ္။
ေဟာအခု ျပည္မွာ သူ႔လုပ္ရပ္ ပံုစံနဲ႔ တူတဲ့သတင္းျပန္ေပၚလာျပန္ပါျပီ... သူဟာ ကိုေက်ာ္သိန္း ဟုတ္မဟုတ္ေတာ့ က်ေနာ္ မသိေပမယ့္ လုပ္ရပ္ပံုစံကေတာ့ စျပီး ဆင္တူေနပါျပီ... သမၼတၾကီးရဲ႕ လြတ္ျငိမ္းခ်မ္းသာခြင့္ အမိန္႔နဲ႔ မဟုတ္ရင္ေတာင္ သူလြတ္ခ်ိန္ေတာ့ ေရာက္ေလာက္ေရာေပါ့.... 
အားလံုး သတိထားၾကဖို႔လိုပါတယ္။ သူဟာ သိပ္ျမန္ပါတယ္။ သိပ္လွ်င္ပါတယ္။.. မထင္ရတဲ့ အျမင့္ၾကီးကို ခုန္ႏုိင္ပါတယ္။... သူ႔ကို ဖမ္းမိဖို႔ဆိုရင္ ထင္ထားတာထက္ ပိုခက္ေၾကာင္းသာ က်ေနာ္ လက္တို႔လုိက္ရပါတယ္။....

Zaw Lwin Win


unicode


***** ကြောင်ပျံ (ဖြစ်ရပ်မှန်) ******

မနေ့က ပြည်မှာ မိန်းမပျိုတွေအိမ်ထဲ ဝင်ဝင်နေတဲ့ စောရ သောင်းကျန်းနေတဲ့အကြောင်း DVB ရဲ့ သတင်းဗွီဒီယိုလေး ကြည့်မိတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ က တနင်္သာရီတိုင်းတစ်ခွင် မိန်းမပျိုတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ကြရတဲ့ " ကြောင်ပျံ" အကြောင်း ပြောပြချင်လာပါတယ်...

သူ့အကြောင်းပြောရင် မရိုသေ့ စကားတွေ ပါလာတော့မှာပါ သိချင်သူတွေ သီးခံ ဖတ်ရပါ့မယ်

အဲ့ဒီ ကြောင်ပျံ ဆိုသူက မိန်းမပျိုလေးတွေရှိတဲ့ အိမ်တွေထဲ ညဖက် ခိုးဝင်ပြီး အတွင်းခံတွေဖြဲလို့ အမွှေးနုတ်တယ်လို့ သတင်းကြီးပါတယ်။ ညဖက်ဆိုရင် ဟိုဖက်အိမ်က ကြောင်ပျံကြောင်ပျံ ဒီဖက်အိမ်က ကြောင်ပျံ ကြောင်ပျံ နဲ့ ရပ်ကွက်ထဲ ပွက်လောရိုက် လိုက်ဖမ်းပေမယ့် မိလေ့မရှိပါဘူး။ အရပ်ထဲ ပြောစကားအရ အိမ်ဘယ်လိုပိတ်ထားပိတ်ထား သူက အတက်မှာ ကြောင်တစ်ကောင်အနေနဲ့ တက်ပြီး ပြန်ဆင်းမှ လူတစ်ယောက်အဖြစ် အသွင်ပြောင်းတယ်လို့ ဆိုတယ်။
တကယ်တော့ သူနဲ့ ကျနော် အတော်လေးနီးစပ်ခဲ့ သိကျွမ်းခဲ့ဖူးပါတယ်။...

သူဒီလို သောင်းကျန်းနေတာ ကျနော် စကြားဖူးတာက ကျနော် ဆယ်တန်းနှစ် တနင်္သာရီတိုင်း လောင်းလုံးမြို့မှာ နေစဉ်ကဖြစ်ပါတယ်။...

နောက်ကျနော့် ဖေဖေက ကော့သောင်းမြို့ကို မြို့နယ်အုပ်ချူပ်ရေးမှူး တာဝန်နဲ့ ပြောင်းရွှေ့လာပြီးတဲ့နောက် ကော့သောင်းအထိ ဒီငတိ သောင်းကျန်းပါတယ်။

ကော့သောင်းမှာလည်း ကြောင်ပျံ ဆို မိန်းကလေးတွေ သိပ်ကြာက်ကြတာပေါ့။ ထောက်လှမ်းရေး၊ SB၊ ရဲ စသည်ဖြင့် အဖွဲ့ ပေါင်းစုံက သူ့ကို ဖမ်းဖို့ ကြိုးစားကြရင်း နောက်ဆုံးမှာတော့ ကော့သောင်းမှာပဲ သူ့ကို ဖမ်းမိသွားပါတော့တယ်။

ဖမ်းတာက တစ်ကြိမ်မကသလို အကြိမ်ကြိမ် ဖြစ်ပြီး နောက်ဆုံးမိတဲ့အချိန်မှာလည်း လွယ်လွယ်ကူကူဖမ်းမိခဲ့တာ မဟုတ်ပါဘူး။

တာဝန်ရှိသူတွေက ကြောင်ပျံ ဆိုတာ ဘယ်သူလဲ ဘယ်မှာနေတယ်ဆိုတာ သိပြီးနောက်မှာတောင် မိဖို့ မနည်းကို ဖမ်းခဲ့ရတာပါ။ သူအိပ်နေတုန်း မင်းလားကွ ကြောင်ပျံ ဆိုပြီး ကုတ်ဆွဲလိုက်တာတောင် စွပ်ကနဲဆို အကျီပဲ ကျန်ခဲ့ပြီး လူက ဘယ်ပျောက်သွားမှန်း မသိသည်အထိ ဒီငတိ စွမ်းခဲ့ပါတယ်။ အမြင့်ကြီးခုန်နိုင်တာက ဖမ်းသူတွေ အခက်တွေ့စေတဲ့ သူ့အစွမ်းပေါ့..

နောက်ဆုံး ဖမ်းတဲ့အချိန် မိန်းမ မီးနေသည်ဝတ်တဲ့ ထမိန်တွေ အထိသုံးလို့ ရပ်ကွက်ကလူတွေနဲ့ပေါင်း ဖမ်းခဲ့တာပါ။

သူ့နာမည်က ကိုကျော်သိန်းပါ။ ပေါင်တစ်ဖက်စီမှာကြောင်အရုပ် တရုပ်စီရှိပြီး တစ်ကောင်က အတက် တစ်ကောင်က အဆင်းပုံပါ...

သူကို ဖမ်းမိပြီးတဲ့အခါ သူ့ဓါတ်ပုံ ကြည့်လိုက်တော့မှ ကျနော် လောင်းလုံးမှာ ကျောင်းတက်စဉ်က ကျနော့် သူငယ်ချင်းရဲ့ အစ်မ မသီတာ နဲ့ လက်ထပ်ထားတဲ့ ကိုကျောသ်ိန်းမှန်း သိရတာ... အပြင်ပုံသဏ္ဍန်မှာတော့ အသားက ဖြူဖြူ ပိန်ပိန်ပါးပါး နေပုံ ထိုင်ပုံ စကားပြောပုံ အေးဆေးတဲ့ သူ့ကို ဒီလိုလူမှန်း သိလိုက်ရတာ ကျနော် အံ့သြမဆုံးရှိခဲ့ပါတယ်။

သူ့ကို စစ်ဆေးတဲ့ စစ်ချက်ကို ကျနော် ဖေဖေ့ဆီက တောင်းဖတ်ဖူးတယ်။
သူဖြေတာက ရိုးရိုးပါပဲ သူက တဏှာစောရ ဆိုပေမယ့် လစ်ရင် လစ်သလို ကက်စက်တွေ ဘာတွေလည်း ယူလာတတ်ကြောင်း ထွက်ဆိုပါတယ်။

မိန်းကလေးအိမ်တွေတက် စပိုတာတွေဖြဲ ဘာလုပ်ဖို့လဲလို့ မေးတော့ ဆန့်ကျင်ဖက် လိင်အင်္ဂါကို ကြည့်ချင်လို့ လုပ်တာပါလို့ ဖြေတယ်။ စပိုတာကို ဘရိတ်ဓါးနဲ့ဖြဲ ဓါတ်မီးနဲ့ထိုးကြည့်သတဲ့... သူကတော့တခြား ဘာမှ မလုပ်ဘူးလို့ ဖြေပါတယ်။ ဒီလောက်နဲ့ ရပ်တယ်လို့ ကျနော်ကတော့ သိပ်မယုံပါဘူး..

စကားချူပ်ရရင် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ကော့သောင်းကနေ သူ့ကို နှစ်ရှည်ထောင်ချခဲ့ပြီး သူ့သတင်းလည်း ပျောက်ကွယ်ခဲ့ရပါတယ်။

ဟောအခု ပြည်မှာ သူ့လုပ်ရပ် ပုံစံနဲ့ တူတဲ့သတင်းပြန်ပေါ်လာပြန်ပါပြီ... သူဟာ ကိုကျော်သိန်း ဟုတ်မဟုတ်တော့ ကျနော် မသိပေမယ့် လုပ်ရပ်ပုံစံကတော့ စပြီး ဆင်တူနေပါပြီ... သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ မဟုတ်ရင်တောင် သူလွတ်ချိန်တော့ ရောက်လောက်ရောပေါ့.... 
အားလုံး သတိထားကြဖို့လိုပါတယ်။ သူဟာ သိပ်မြန်ပါတယ်။ သိပ်လျှင်ပါတယ်။.. မထင်ရတဲ့ အမြင့်ကြီးကို ခုန်နိုင်ပါတယ်။... သူ့ကို ဖမ်းမိဖို့ဆိုရင် ထင်ထားတာထက် ပိုခက်ကြောင်းသာ ကျနော် လက်တို့လိုက်ရပါတယ်။....
Zaw Lwin Win

No comments:

Post a Comment

မွတ္ခ်က္ေလးမ်ားေပးႏိုင္ပါတယ္