ေကာ့ေသာင္းၿမိဳ႕တြင္ စကၡဳဒါနအလင္း အလွဴ ေတာ္ မ်က္စိအခမဲ့စမ္းသပ္ခြဲစိတ္ကုသေပးျခင္း။
ေကာ့ေသာင္း ၊ ေဖေဖၚ၀ါရီ ၂၇ ရက္
ေကာ့ေသာင္းၿမိဳ႕တြင္ က်န္းမာေရး၀န္ႀကီးဌာန ႏွင့္ ေကာ့ေသာင္းၿမိဳ႕နယ္အသင္း(ရန္ကုန္) တို႕ ပူးေပါင္း စီစဥ္သည့္ စကၡဳဒါနအလင္း အလွဴ ေတာ္အျဖစ္ မ်က္စိအခမဲ့စမ္းသပ္ခြဲစိတ္ကုသေပးျခင္း အစီအစဥ္ ကို ေဖေဖၚ၀ါရီ ၂၇ ရက္ေန႕ နံနက္ပိုင္း မွ စတင္ကာ ခရိုင္ျပည္သူ႕ေဆးရံုႀကီးတြင္ ေဆာင္ရြက္သည္။
အဆိုပါ အစီအစဥ္တြင္ မ်က္စိအထူးကုဆရာ၀န္ႀကီး ေဒၚနီလာသိန္း ဦးေဆာင္သည့္ မ်က္စိအထူးကုဆရာ၀န္ႀကီးမ်ားအဖြဲ႕ မွ ေကာ့ေသာင္းၿမိဳ႕ေပၚရပ္ကြက္ ႏွင့္ ေက်းရြာမ်ား ဘုတ္ျပင္းၿမိဳ႕ နယ္ ေက်းလက္ေတာရြာမ်ား မွ မိဘျပည္သူ မ်ား အား ေကာ့ေသာင္းၿမိဳ႕နယ္အသင္း(ရန္ကုန္) ၏ အကုန္က်ခံ ကူညီဒါနျပဳမႈျဖင့္ ေဖေဖၚ၀ါရီ ၂၇ ရက္ ေန႕ မွ ၊ မတ္လ ၁ ရက္ ေန႕အထိ(၃)ရက္ တိုင္တိုင္ စာရင္းေပးသြင္းထားသည့္ မ်က္စိေ၀ဒနာရွင္မိဘျပည္သူ(၃၀၀၀)ေက်ာ္ ဦး အား မ်က္စိအခမဲ့ စမ္းသပ္ခြဲစိတ္ကုသေပး ကာ လိုအပ္သည့္ ေဆး၀ါးကုသမႈ ႏွင့္ မ်က္မွန္မ်ား အား အခမဲ့ ျဖန္႕ေ၀ ေဆာင္ရြက္ေပးအပ္ ၾကမည္ျဖစ္ေၾကာင္းသတင္းရရွိသည္။
unicode
ကော့သောင်းမြို့တွင် စက္ခုဒါနအလင်း အလှူ တော် မျက်စိအခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးခြင်း။
ကော့သောင်း ၊ ဖေဖေါ်ဝါရီ ၂၇ ရက်
ကော့သောင်းမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန နှင့် ကော့သောင်းမြို့နယ်အသင်း(ရန်ကုန်) တို့ ပူးပေါင်း စီစဉ်သည့် စက္ခုဒါနအလင်း အလှူ တော်အဖြစ် မျက်စိအခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးခြင်း အစီအစဉ် ကို ဖေဖေါ်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်း မှ စတင်ကာ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်သည်။
အဆိုပါ အစီအစဉ်တွင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါ်နီလာသိန်း ဦးဆောင်သည့် မျက်စိအထူးကုဆရာဝန်ကြီးများအဖွဲ့ မှ ကော့သောင်းမြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများ ဘုတ်ပြင်းမြို့ နယ် ကျေးလက်တောရွာများ မှ မိဘပြည်သူ များ အား ကော့သောင်းမြို့နယ်အသင်း(ရန်ကုန်) ၏ အကုန်ကျခံ ကူညီဒါနပြုမှုဖြင့် ဖေဖေါ်ဝါရီ ၂၇ ရက် နေ့ မှ ၊ မတ်လ ၁ ရက် နေ့အထိ(၃)ရက် တိုင်တိုင် စာရင်းပေးသွင်းထားသည့် မျက်စိဝေဒနာရှင်မိဘပြည်သူ(၃၀၀၀)ကျော် ဦး အား မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေး ကာ လိုအပ်သည့် ဆေးဝါးကုသမှု နှင့် မျက်မှန်များ အား အခမဲ့ ဖြန့်ဝေ ဆောင်ရွက်ပေးအပ် ကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။



No comments:
Post a Comment
မွတ္ခ်က္ေလးမ်ားေပးႏိုင္ပါတယ္