ေကာ့ေသာင္း အက်ဥ္းသား ထပ္ေရႊ႕
-------------------------------------
ေကာ့ေသာင္း » February 21, 2015
ယခုႏွစ္ဆန္းပိုင္းအတြင္း ေကာ့ေသာင္း အက်ဥ္းသားမ်ားကို ဒုတိယအႀကိမ္အျဖစ္ ေဖေဖာ္၀ါရီ ၁၇ ရက္က ထပ္မံေရႊ႕ေျပာင္းလုိက္ေၾကာင္း ေကာ့ေသာင္းအက်ဥ္းဦးစီးဌာနထံမွသိရသည္။
ေကာ့ေသာင္းၿမိဳ႕နယ္၊ ၉ မုိင္အက်ဥ္းေထာင္မွ အျပစ္ဒဏ္အသီးသီးက်ခံေနသည့္ အက်ဥ္းသား ၂၀ ဦးကို ျမစ္ႀကီးနားသေဘၤာျဖင့္ ၿမိတ္အက်ဥ္းေထာင္သို႔ ေရႊ႕ေျပာင္းလုိက္ျခင္းျဖစ္သည္။
၂၀၁၃ ခုႏွစ္က အက်ဥ္းေထာင္အတြင္း ဆူပူမႈျဖစ္ျပီးေနာက္ပိုင္း အက်ဥ္းသားမ်ားကို စတုတၳအၾကိမ္ေရႊ႕ေျပာင္း လုိက္ျခင္းျဖစ္ၿပီး ၿမိတ္ေက်ာက္ထုတ္စခန္းသို႔ ေရႊ႕ေျပာင္းမည္ျဖစ္ေၾကာင္း အက်ဥ္းဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။
ယခုႏွစ္ ဇန္န၀ါရီလဆန္းပိုင္းကလည္း အက်ဥ္းသားမ်ားကို ၿမိတ္အက်ဥ္းစခန္းသို႔ ေရႊ႕ေျပာင္း႕ခဲ့ၿပီးျဖစ္သည္။
အက်ဥ္းသားမ်ား အလုပ္ရွိၿပီး ၀င္ေငြရရွိရန္အတြက္ ေရႊ႕ေျပာင္းေပးျခင္းျဖစ္ေၾကာင္း အက်ဥ္းဦးစီးဌာနမွ တာ၀န္ရွိသူက ေျပာဆုိထားၿပီး အက်ဥ္းသားမ်ားကို အႀကိမ္ႀကိမ္ ေရႊ႕ေျပာင္းခဲ့ေသာ္လည္း အက်ဥ္းသားမိသားစုကို ႀကိဳတင္အသိေပးမႈ အားနည္းသည္ဟု ေကာ့ေသာင္းေဒသခံ အက်ဥ္းသားမိသားစု၀င္မ်ားကေျပာသည္။
“ သေဘၤာအထဲ ေရာက္မွ အျခားသူေတြေျပာမွ သိရတာမ်ားပါတယ္။ ႀကိဳသိရင္ေတာ့ သူတို႔ စားဖို႔ေသာက္ဖို႔ နဲ႔ ေဆးဝါးေတြ ဝယ္ထည့္ေပးလိုက္လို႔ ရတာေပါ့”ဟု အက်ဥး္သားမိသားစု၀င္ တစ္ဦးျဖစ္သည့္ မဥမၼာကေျပာသည္။
အက်ဥ္းသားမ်ားေထာင္ မေျပာင္းေရႊ႕ မီ ရက္အနည္းငယ္အလိုတြင္ ေထာင္အတြင္း ဧည့္ေတြ႔သည့္ ေနရာတြင္ ေထာင္ေရႊ႕မည့္အေၾကာင္းကို စာရင္းၾကိဳ ကပ္ထားေပးေလ့ရွိေၾကာင္း အက်ဥ္းေထာင္ ဝန္ထမ္းတစ္ဦးကဆိုသည္။
ေကာ့ေသာင္းျမိဳ႕နယ္ ၉ မိုင္ အက်ဥ္းေထာင္တြင္ အက်ဥ္းသားေရႊ႕ၿပီးေနာက္ လက္က်န္ အက်ဥ္းသား ၃၀၀ ေက်ာ္က်န္ေနေသးေၾကာင္း သိရသည္။
unicode
ကော့သောင်း အကျဉ်းသား ထပ်ရွှေ့
ကော့သောင်း » February 21, 2015
ယခုနှစ်ဆန်းပိုင်းအတွင်း ကော့သောင်း အကျဉ်းသားများကို ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၇ ရက်က ထပ်မံရွှေ့ပြောင်းလိုက်ကြောင်း ကော့သောင်းအကျဉ်းဦးစီးဌာနထံမှသိရသည်။
ကော့သောင်းမြို့နယ်၊ ၉ မိုင်အကျဉ်းထောင်မှ အပြစ်ဒဏ်အသီးသီးကျခံနေသည့် အကျဉ်းသား ၂၀ ဦးကို မြစ်ကြီးနားသင်္ဘောဖြင့် မြိတ်အကျဉ်းထောင်သို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ်က အကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်ပြီးနောက်ပိုင်း အကျဉ်းသားများကို စတုတ္ထအကြိမ်ရွှေ့ပြောင်း လိုက်ခြင်းဖြစ်ပြီး မြိတ်ကျောက်ထုတ်စခန်းသို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းကလည်း အကျဉ်းသားများကို မြိတ်အကျဉ်းစခန်းသို့ ရွှေ့ပြောင်း့ခဲ့ပြီးဖြစ်သည်။
အကျဉ်းသားများ အလုပ်ရှိပြီး ဝင်ငွေရရှိရန်အတွက် ရွှေ့ပြောင်းပေးခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောဆိုထားပြီး အကျဉ်းသားများကို အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့သော်လည်း အကျဉ်းသားမိသားစုကို ကြိုတင်အသိပေးမှု အားနည်းသည်ဟု ကော့သောင်းဒေသခံ အကျဉ်းသားမိသားစုဝင်များကပြောသည်။
“ သင်္ဘောအထဲ ရောက်မှ အခြားသူတွေပြောမှ သိရတာများပါတယ်။ ကြိုသိရင်တော့ သူတို့ စားဖို့သောက်ဖို့ နဲ့ ဆေးဝါးတွေ ဝယ်ထည့်ပေးလိုက်လို့ ရတာပေါ့”ဟု အကျဥး်သားမိသားစုဝင် တစ်ဦးဖြစ်သည့် မဥမ္မာကပြောသည်။
အကျဉ်းသားများထောင် မပြောင်းရွှေ့ မီ ရက်အနည်းငယ်အလိုတွင် ထောင်အတွင်း ဧည့်တွေ့သည့် နေရာတွင် ထောင်ရွှေ့မည့်အကြောင်းကို စာရင်းကြို ကပ်ထားပေးလေ့ရှိကြောင်း အကျဉ်းထောင် ဝန်ထမ်းတစ်ဦးကဆိုသည်။
ကော့သောင်းမြို့နယ် ၉ မိုင် အကျဉ်းထောင်တွင် အကျဉ်းသားရွှေ့ပြီးနောက် လက်ကျန် အကျဉ်းသား ၃၀၀ ကျော်ကျန်နေသေးကြောင်း သိရသည်။

No comments:
Post a Comment
မွတ္ခ်က္ေလးမ်ားေပးႏိုင္ပါတယ္