KKT Repair Service

Wednesday, February 25, 2015

ကျွန်ုပ်နှင့်ပျောက်ဆုံးသွားသော Desktop


........................... ကျွန်ုပ်နှင့်ပျောက်ဆုံးသွားသော Desktop................................

ကိုယ်တိုင်တော့မကြုံဖူးပါဘူးဆိုဒ်တစ်ခုထဲကတွေ့ လို့ ကူးလာတာပါ...ရေးသာသူကိုကျေးဇူးတင်ပါတယ်...
ဗိုင်းရပ်စ်ကြောင့် Window တက်လာတဲ့အချိန်မှာ Desktop နှင့် Icon များပုံမှန်အတိုင်း မပေါ်တော့တာမျိုး ကြုံးဖူးကြမှာပါ…. လက်ရှိမကြုံဖူးကြသေးရင်လည်း နောင်တစ်ချိန် ဗိုင်းရပ်စ်ရန်ကြောင့် Desktop Explorer.exe ကို Hidden ဖြစ်သွားခဲ့ရင်… စိတ်ညစ်မသွားကြပါနဲ့…..

လွယ်ကူစွာနဲ့ အောက်ပါအတိုင်း ပြုလုပ်နိုင်ပါပြီ။ (မသိသေးသူများအတွက်ရည်ရွယ်ပါသည်။)
Desktop မှာ Icon လည်းမပေါ်တော့ဘူး… မျှားလေးပဲ ပေါ်နေမယ်ဆိုပါတော့….. Right Click လည်း အဲ့ဒီအချိန်မှာ အသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး… Explorer နဲ့ခေါ်မှာသာလျှင် Computer ရဲ့ Partition တွေထဲ Drive တွေထဲဝင်လို့ရမှာဖြစ်ပါတယ်။…..

ဒါဆိုရင်တော့ Alt + Ctrl + Delete ကီးတွေကို တစ်ပြိုင်တည်း နှိပ်လိုက်ပါ။

Window XP မှာဆိုရင်တော့ Task Manager တိုက်ရိုက်ပေါ်မှာပါ…

Window 7 မှာတော့ ပုံလေးအတိုင်းပေါ်မှာပါ။ Connection ကြောင့် Attach မှာပဲ တွဲလိုက်တော့တယ်..(ပုံ 1)





Task Manager ကိုထပ်နှိပ်လိုက်ပါ။

Task Manager ထဲကိုရောက်သွားပြီဆိုရင်တော့ Application Tab ထဲက New Task ကို Click လုပ်ပါ။ (ပုံ 2)


ပြီးလျှင် explorer.exe လို့ရိုက်လိုက်ပါ…. ပြီးလျှင် Ok ကို Click လုပ် (ပုံ 3)


ဒါဆိုရင် Desktop ပေါ်မှာ Icon လေးတွေ မူလအတိုင်းအစီအရီနဲ့ ပြန်တက်လာပါပြီ။။

စိတ်ချမ်းသာသွားပြီပေါ့…သို့ပေမယ့်ပေါ့… စက်ကို Restart ချလိုက်… ဒါမှမဟုတ်…. စက်ပိတ်လိုက်ပြီး ပြန်ဖွင့် လိုက်ရင်တော့ Desktop ဟာ မူလအတိုင်း ပြန်ရှိနေမှာမဟုတ်ပါဘူး…..

အမြဲတမ်း ဒီလိုချည်း ပြန်ပြန်ဝင်နေရတာမျိုးတော့မကောင်းပါဘူး….

အဲ့ဒီတော့… Virus ကြောင့် ပျောက်ဆုံးသွားတာကို System Restore ကနေ ပြန်ပြီး restore လုပ်လိုက်ပါ…
Virus ကြောင့် Desktop မပျောက်ခင်အနေအထားကိုရွေးချယ်ပေးလိုက်ရုံပါ… ….

System Restore လုပ်နည်း

Start > All Programs > Accessories > System tools > System Restore စသည်ဖြင့် အဆင့်ဆင့်သွားလိုက်ပါ… ပြီးလျှင် မူလအတိုင်းရှိတဲ့ ရက်ကိုရွေးပေးလိုက်ပါ။ အဆင့်ဆင့် System Restore ကို လုပ်ပေးရုံဖြင့် သင့်ကွန်ပျူတာကို Virus ကဖျောက်ထားတဲ့ ပျောက်နေတဲ့ Desktop ရော Data တွေကိုရော ပြန်တွေ့ရမှာပါ။
ဒါဆိုရင်တော့ စိတ်ချရပါပြီ…

အကောင်းဆုံးကတော့ antivirus တစ်ခုခုကို ထည့်ထားပြီး ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးမို့ အနည်းဆုံး တစ်ခုတော့ ရှိနေသင့်ပါတယ်။

လိုအပ်ချက်လေးတွေ ရှိနေအုံးမှာမို့ ထပ်မံဖြည့်စွက်ပေးကြပါအုံးနော်

တစ်ပါးသူ ပျော်ရွှင်အောင် စိတ်ရင်းနှင့် ဆောင်ရွက်သူသည် ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။

No comments:

Post a Comment

မှတ်ချက်လေးများပေးနိုင်ပါတယ်