ပေါ့ဆမှုကြောင့် ACEဘော်ဒါဆောင်တွင် မီးလောင်ကျွမ်းမှုဖြစ်။
ကော့သောင်း၊မတ် -၁၈
=========================
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အေးရိပ်ငြိမ်ရပ်ကွက်ရှိ ACE
ဘော်ဒါဆောင်တွင် မတ်လ (၁၈)ရက်နေ့ နံက်(၆းဝဝ) နာရီဝန်းကျင်ခန့်က ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့သည်။
ဖြစ်ပွါးပုံမှာ ဘော်ဒါဆောင်မှ ကျောင်းသား/သူများမှ
ဘုရားမီးပူဇော်ထားခဲ့ပြီး အပြင်သို့ထွက်သွားစဉ် ဖယောင်တိုင်မီးလဲကျ၍ ကော်ဇောအခင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
မီးလောင်ကျွမ်းချိန်တွင် မည်သူမျှအဆောင်တွင်မရှိပဲ အဆောင်မှူးမိသားစုမျှသာရှိကြောင်း ဘော်ဒါဆောင်အနီး ပါတ်ဝန်းကျင်မှ ပြောပြချက်အရသိရသည်။မီးလောင်ကျွမ်းမှုကြောင့် ဘေးနားဝန်းကျင်သို့
ကူးစက်မှုမရှိပဲ ဘော်ဒါဆောင်အပေါ်ထပ်တွင်သာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆုံးရှုံးမှုအနည်းအကျဉ်းမျှသာရှိပြီး တာဝန်ရှိသူများကဆက်လက်စစ်ဆေးလျှက်ရှိပါသည်။
No comments:
Post a Comment
မှတ်ချက်လေးများပေးနိုင်ပါတယ်