အနာဂတ်မျိုးဆက်သစ်များအတွက် နှလုံးသားမှာဘုရားတည်ခြင်း
19/20-3-2015 နှစ်ရက်ကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ပုလုံးတုံတုံးရပ်ကွက် ရန်ကြီးအောင်ကျောင်းတိုက် အမှတ် (၁) ဘုန်းတော်ကြီးသင် ပညာရေး မူလွန်ကျောင်းတွင် စတင်ကျင်းပမည်ဖြစ်ပါသည်။ 21-3-2015 မှ 25-3-2015 အထိ ကိုတော့ ကော့သောင်းမြို့ ရှစ်မိုင် ဝေနေယျသုခဓမ္မရိပ်သာတွင် ပြုလုပ်မှာဖြစ်သည့်အတွက် ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ကြပါကြောင်းနှင့် ဝေယျဝစ္စကုသိုလ် ယူလိုသူများအနေဖြင့်လဲ လာရောက်ကြပါရန် နှိုးဆော်အသိပေးလိုက်ပါသည်။ယဉ်ကျေးလိမ္မာသင်ကြားပြသပေးမည့် (သာသနဓဇ။ သဒ္ဓမ္မနေပုည။ သာသနဇောတိပါလ ဓမ္မာစရိယ။
ဓမ္မကထိက ဗဟုဇနဟိတဓရ ဓမ္မဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ ဆရာတော်ဘုရား) ၏ ယဉ်ကျေးလိမ္မာကျောင်းမှ ဆရာမ သုံးယောက်လဲ ရောက်ရှိနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါလိုက်ပါရစေခင်ဗျား
အာကာ (ယဉ်ကျေးလိမ္မာတရားစခန်းပွဲဖြစ်မြောက်ရေး အဖွဲ့ကိုယ်စား)
No comments:
Post a Comment
မှတ်ချက်လေးများပေးနိုင်ပါတယ်