KKT Repair Service

Friday, March 27, 2015

ကော့သောင်းတွင် မြန်မာ့ရိုးရာ လက်ဝှေ့ ပြန်အသက်သွင်း

ကော့သောင်းတွင် မြန်မာ့ရိုးရာ လက်ဝှေ့ ပြန်အသက်သွင်း
ကော့သောင်း » March 26, 2015

ဆယ်စုနှစ်ချီ ပျောက်ကွယ်သွားခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားနည်းကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် တစ်ခေတ်ပြန်လည်စတင်ကာ အားကစားသမား အသစ်များ မွေးထုတ်ပေးလျက်ရှိကြောင်း လက်ဝှေ့ အားကစားနည်းပြ အသိုင်းအဝိုင်းထံမှ သိရသည်။

အားကစားနှင့် ကာယပညာဦးစီးဌာန (ကော့သောင်း)၏ စီစဉ်မှုဖြင့် လက်ဝှေ့ လက်ရွေးစင်ပွဲကို မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ကော့သောင်း မိုးလုံလေလုံ အားကစားရုံတွင် ပြန်လည်စတင် ကျင်းပခဲ့သည်။
“လူငယ်တွေအတွက် စိတ်ဓာတ်ခိုင်မာမှုကို ရရှိစေတဲ့ အားကစားနည်းဖြစ်တဲ့အတွက် မပျောက်ကွယ်စေချင်ဘူး၊ မတိမ်ကော သွားစေချင်ဘူး”ဟု ယခုနှစ် နွေရာသီတွင် ၀ါသနာရှင်များနှင့် စိတ်ပါဝင်စားသူများကို သင်ကြားပေး နေသည့် လက်ဝှေ့နည်းပြ မြိတ်စိန်ဝင်းက ပြောသည်။
ကော့သောင်းတွင် ယခင်က ရုံပွဲများအဖြစ် ပြသသည်အထိ လက်ဝှေ့ပွဲများ ခေတ်စားခဲ့သော်လည်း အားကစား ဝါသနာရှင် နည်းလာခြင်းနှင့် ပံ့ပို့မှုအားနည်းခြင်းကြောင့် မကျင်းပဖြစ်တော့သည်မှာ ဆယ်နှစ်ခန့်ရှိပြီဟု လက်ဝှေ့နည်းပြများထံမှ သိရသည်။
“ကိုယ်ဝါသနာပါတဲ့ အားကစားနည်းတစ်ခု ပြန်ကစားရတော့ တကယ်ကျေနပ်မိတယ်” ဟု လက်ဝှေ့ စတင် ယှဉ်ပြိုင်ကစားမည့် ၂၃ နှစ်အရွယ် မောင်တိုးစိန်က ဆိုသည်။
ကော့သောင်းတွင် ဘောလုံး ၊ ဘော်လီဘော ၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့ အပါအ၀င် အားကစားနည်းပေါင်းစုံကို သင်ကြားပေးသည့် နွေရာသီ အားကစားသင်တန်းကိုလည်း ယခုနှစ်တွင် ပြန်လည်စတင်ခဲ့ကြောင်း အားကစားနှင့်
ကာယပညာဦးစီးဌာနထံမှ သိရသည်။
ကော့သောင်းမြို့ န၀ရတ် အားကစားရုံတွင် ပဏာမလူရွေးချယ်ပွဲ ကျင်းပစဉ် /


 ဓာတ်ပုံ – နိုင်သစ်

No comments:

Post a Comment

မှတ်ချက်လေးများပေးနိုင်ပါတယ်