KKT Repair Service

Thursday, April 2, 2015

သင်္ကြန်ကာလအတွင်း ကမ်းရိုးတန်းအမြန်ရေယာဉ်များ ပုံမှန်ပြေးဆွဲမည်


သင်္ကြန်ကာလအတွင်း ကမ်းရိုးတန်းအမြန်ရေယာဉ်များ ပုံမှန်ပြေးဆွဲမည်
ကော့သောင်း » April 2, 2015


ကော့သောင်း – မြိတ် – ထားဝယ်ပြေးဆွဲနေသည့် ကမ်းရိုးတန်းအမြန်ရေယာဉ်များ သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိ ပုံမှန်ပြေး ဆွဲသွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့ အမြန်ရေယာဉ် လက်မှတ်အရောင်း ဌာနများထံမှ သိရသည်။

ရာသီဥတုအခြေအနေကြောင့် ရပ်နားရသည်မှအပ ပုံမှန်ပြေးဆွဲမည်ဖြစ်ပြီး လက်မှတ်နှုန်းထားများကိုလည်း တိုးမြှင့်မည် မဟုတ်ဟု အထက်ပါ လက်မှတ် အရောင်းဌာနများက ပြောသည်။

လက်ရှိ အမြန်ရေယာဉ် လက်မှတ်နှုန်းထားများမှာ ကော့သောင်းမှ ထားဝယ်သို့ ၄၀၀၀၀ ကျပ်၊ မြိတ်သို့ ၂၇၀၀၀ ကျပ်၊ မြိတ်မှ ထားဝယ်သို့ ၁၃၀၀၀ ကျပ် ဖြစ်သည်။

“လေပြင် မြေပြင် လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင် နဲ့ အထက်ဆို ထွက်ခွင့်ပြုမှာမဟုတ်ဘူး”ဟုကော့သောင်းမြို့နယ် မိုးဇလ မြို့နယ် ဦးစီးမှူးဦးသောင်းညွှန့်က ပြောသည်။

လက်ရှိပြေးဆွဲနေသည့် အမြန်ရေယာဉ် ၄ စီးရှိပြီး ယင်းအမြန်ရေယာဉ်များသည် မိုးရာသီတွင် ရာသီဥတုအခြေအနေကြောင့် ကြာမြင့်စွာ ရပ်နားထားခဲ့ရသည်။


No comments:

Post a Comment

မှတ်ချက်လေးများပေးနိုင်ပါတယ်