ကမၻာ့ အသက္အငယ္ဆံုး အိုင္တီ ပညာရွင္
****************
Ayan Qureshi အမည္ရ ကေလးငယ္ဟာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလမွာ Microsoft က စစ္တဲ့ Microsoft Certified Professional စာေမးပြဲကို ေအာင္ျမင္ခဲ့ျပီး အဲ့တုန္းက အသက္ဟာ ၅ ႏွစ္နဲ႔ ၁၁လ ပဲ ရွိပါေသးတယ္။ ဒါေၾကာင့္မို႔ ကမၻာ့ အသက္ အငယ္ဆံုး အုိင္တီ ပေရာ္ဖက္ရွင္နယ္ တစ္ဦး အျဖစ္ ကမၻာ့ စံခ်ိန္တင္ခဲ့ ပါတယ္။
သူ႔အေရွကမွာ စံခ်ိန္တင္ခဲ့ အသက္ ၆ ႏွစ္ေက်ာ္လို႔ သူက စံခ်ိန္ခ်ိဳးသြားတာ ျဖစ္ပါတယ္။ Ayan ဟာ ပါကစၥတန္ႏုိင္ငံဖြား ဖြားေပမယ့္ အဂၤလန္ႏို္င္ငံမွာ ၾကီးျပင္းပါတယ္။ ယခုေတာ့ သူ႔ရဲ႕ အိမ္ထဲမွာ ကြန္ျပဴတာ Lab တစ္ခု ထားရွိျပီး Networking မ်ားကို သူကိုယ္တုိင္ ျပဳလုပ္ထားပါတယ္။ Windows ရဲ႕ Operating System အျပင္ အျခားေသာ OS မ်ားကိုလည္း ေလ့လာေနျပီ ျဖစ္ပါတယ္။ သူ႔ကို သူေနထိုင္တဲ့ ပတ္ဝန္းက်င္မွာ အိုင္တီ ဥာဏ္ၾကီးရွင္ ကေလး လို႔ ေျပာစမွတ္ျပဳၾက ပါတယ္။
Microsoft ရဲ႕ ပိုျပီးေတာ့ အဆင့္ျမင့္တဲ့ စာေမးပြဲမ်ားကိုလည္း ေျဖဆုိရန္ ျပင္ဆင္ေနပါတယ္။ သူ႔ရဲ႕ အေၾကာင္းကို http://ayanqureshi.com/ ထဲမွာ ဝင္ေရာက္ ေလ့လာႏိုင္ပါတယ္။
.
ေအာင္ခမ္း (ရိုးရာေလး)
(Unicode version)
ကမ္ဘာ့ အသက်အငယ်ဆုံး အိုင်တီ ပညာရှင်
Ayan Qureshi အမည်ရ ကလေးငယ်ဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ Microsoft က စစ်တဲ့ Microsoft Certified Professional စာမေးပွဲကို အောင်မြင်ခဲ့ပြီး အဲ့တုန်းက အသက်ဟာ ၅ နှစ်နဲ့ ၁၁လ ပဲ ရှိပါသေးတယ်။ ဒါကြောင့်မို့ ကမ္ဘာ့ အသက် အငယ်ဆုံး အိုင်တီ ပရော်ဖက်ရှင်နယ် တစ်ဦး အဖြစ် ကမ္ဘာ့ စံချိန်တင်ခဲ့ ပါတယ်။
သူ့အရှေကမှာ စံချိန်တင်ခဲ့ အသက် ၆ နှစ်ကျော်လို့ သူက စံချိန်ချိုးသွားတာ ဖြစ်ပါတယ်။ Ayan ဟာ ပါကစ္စတန်နိုင်ငံဖွား ဖွားပေမယ့် အင်္ဂလန်န်ိုင်ငံမှာ ကြီးပြင်းပါတယ်။ ယခုတော့ သူ့ရဲ့ အိမ်ထဲမှာ ကွန်ပြူတာ Lab တစ်ခု ထားရှိပြီး Networking များကို သူကိုယ်တိုင် ပြုလုပ်ထားပါတယ်။ Windows ရဲ့ Operating System အပြင် အခြားသော OS များကိုလည်း လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ကို သူနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ အိုင်တီ ဥာဏ်ကြီးရှင် ကလေး လို့ ပြောစမှတ်ပြုကြ ပါတယ်။
Microsoft ရဲ့ ပိုပြီးတော့ အဆင့်မြင့်တဲ့ စာမေးပွဲများကိုလည်း ဖြေဆိုရန် ပြင်ဆင်နေပါတယ်။ သူ့ရဲ့ အကြောင်းကို http://ayanqureshi.com/ ထဲမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

No comments:
Post a Comment
မွတ္ခ်က္ေလးမ်ားေပးႏိုင္ပါတယ္