KKT Repair Service

Friday, May 6, 2016

Patch Crack မသုံးတတ် မထည့်တတ်သေးတဲ့ သူတွေအတွက် Click နှစ်ချက်နဲ့ပဲ လိုပါတယ်- IDM 6.25 Build 16 [No Need Patch Or Crack Just Install Full





ကွန်ပျူတာ ကိုင်ဆောင်ထားကြတဲ့ သူငယ်ချင်းတွေအတွက်
 IDM ကို Full အဖြစ်   Patch  Crack မသုံးတတ် မထည့်တတ်သေးတဲ့ သူတွေအတွက်
 Click နှစ်ချက်နဲ့ဘာမှထပ်လုပ်ပေးစရာမလိုတော့ပါဘူး..
 Full အဖြစ် အမြဲတမ်းအသုံးပြုလို့ ရအောင်လို့   ပြန်လည် တင်ပေးလိုက်ပါတယ်။
ဒီ IDM ကတော့ Double Click to Install Version လေးပါ
Patch Crack မသုံးတတ်သူတွေအတွက် အရမ်းကို အဆင်ပြေစေပါတယ်..။
ဒီ Version ကို သုံးမယ်ဆိုရင် အရင်ထည့်ထား တဲ့ IDM ကို
 Uninstall  ထုတ်  ပြီးမှ ဒီကောင်ကို အင်စတော့ ပြုလုပ်ပြီ အသုံးပြုပါ။
First Name & Last Name မှာ ကြိုက်တာရေးထည့်ပြီး Next အဆင့်ဆင့်နဲ့ Install လုပ်ပေးရုံပါပဲ..။
ဘာမှထပ်လုပ်ပေးစရာမလိုတော့ပါဘူး.. အမြဲတမ်း Full Version  အဖြစ်အသုံးပြုနိုင်ပါပြီ။
Windows XP ကနေ Vista / 7 / 8 / 8.1 / Window 10  အထိနဲ့  32Bit မှာရော 64Bit မှာပါ
 Support လုပ်ပါတယ်...............



Sunday, May 31, 2015

Legend of the Golden Myanmar

Legend of the Golden Myanmar


youtube  ကနေကြည်ရန်...





pCloud  ကနေကြည်ရန်...

Thursday, May 28, 2015

ခမောက်ကြီး အမျိုးသားဒီမိုကရေစီ ရုံးဖွင့်ပွဲ

ကော့သောင်းမြို့နယ်
ခမောက်ကြီးကျေးရွာ အမှတ် ( ၃ ) ရပ်ကွက်
ရုံးခန်းဖွင့်လှစ်ခြင်းနှင့်ဆိုင်းဘုတ်တင်အခမ်းအနား

Monday, May 25, 2015

၇ မိုင်ကွေ့ ယာဉ်တိမ်းမှောက်မှု


ဒီနေ့ ဖြစ် ရပ်မှန် ၇မိုင်ကွေ့....

လမ်းကြောင့်လား......

လူကြောင့်လား.......

ကားကြောင့်လား......

ကံကြောင့်လား........






ကမ်းနီးငါးဖမ်းလှေတစ်စင်းကို အမည်မသိ လှေသုံးစင်း လာရောက်တိုက်ခိုက်

ကမ်းနီးငါးဖမ်းလှေတစ်စင်းကို အမည်မသိ လှေသုံးစင်း လာရောက်တိုက်ခိုက်
ကော့သောင်း၊ မေ ၂၄
ပင်လယ်ပြင်တွင် ငါးဖမ်းရန် ပိုက်ချထားသည့် ပလာတူးပိုက်ကမ်းနီး လှေတစ်စင်းကို အမည်မသိ လှေသုံးစင်းက လက်နက်မျိုးစုံဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ခံရသည့် လှေထိုးသားများနှင့် လှေဦးစီးထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်း အရှေ့ဘက် လေးမိုင်အကွာတွင် ပိုက်ချထားသည့် ကမ်းနီးလှေထံသို့ အမည်မသိ လှေသုံးစင်း ရောက်လာပြီး အသင့်ပါလာသည့် ဓား၊ ပုဆိန်၊ သံပိုက်လုံးတို့ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဒဏ်ရာရရှိခဲ့သည့် လှေဦးစီး ဦးအောင်ကိုလတ်က ပြောကြားသည်။
လှေသုံးစင်းအနက် လူ ၁၀ ဦးပါ လှေတစ်စင်းပေါ်က လက်နက်ကိုင်ဆောင်လာတဲ့ လူအားလုံး ငါးဖမ်းလှေပေါ် တက်လာပြီး “ဒီလှေပဲ ငါတို့ကို အရင်တစ်ခါကလည်း ဘဝပျက်အောင် လုပ်ထားတာ။ မလွတ်စေနဲ့။ အသေသတ်ပစ်” ဟု ကြွေးကြော်ကာ တိုက်ခိုက်ခဲ့ကြောင်း ဦးအောင်ကိုလတ်က ပြောကြားသည်။
“လူမှားနေတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်ပြောတာတောင် မရဘူး အတင်းဝင်ရိုက်တာ။ လှေပေါ်က ငါးယောက်စလုံး ရေထဲဆင်းပြီး ပြေးတာတောင် ကျန်တဲ့လှေနှစ်စင်းက လူတွေက လှေနဲ့ လိုက်တိုက်သတ်တယ်” ဟု ၎င်းက ပြောပြသည်။
လာရောက်တိုက်ခိုက်သူများသည် ကဏန်းမြှုံးထောင်သူများ ဖြစ်ကြပြီး ၎င်းတို့ထောင်ထားသည့် ကဏန်းမြုံးများကို ဖျက်ဆီးခဲ့သည့် လှေနှင့်မှားကာ ကြိုတင် ကြံစည်ရိုက်နှက်ကြခြင်း ဖြစ်နိုင်သည်ဟု အရိုက်ခံရသည့် လှေသားများက ဆိုသည်။
၎င်းတို့အား လာရောက်တိုက်ခိုက်သူဦးရေမှာ အနည်းဆုံး ၁၂ ဦးခန့်ရှိမည် ဖြစ်ကြောင်း လှေသားများက ပြောကြားသည်။
“လှေပေါ်က ပစ္စည်းအချို့ကိုလည်း ယူသွားတယ်။ ဖျက်လည်းဖျက်ဆီးသွားတယ်။ ပိုက်တွေလည်း ပျက်စီးကုန်တယ်။ ဘာအတွက်ကြောင့်ဖြစ်ဖြစ် အမှုမှန်ပေါ်ပြီး ထိရောက်တဲ့ အရေးယူမှုမျိုး ပြုလုပ်ပေးစေလိုတယ်” ဟု လှေဦးစီး ဦးအောင်ကိုလတ်က ဆိုသည်။
ငါးဖမ်းလှေပေါ်တွင် ရိုက်နှက်ခံရသည့် ငါးဦးအနက် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လှေဦးစီး၏ ဦးခေါင်းတွင် ပုဆိန်ဖြင့် အခုတ်ခံရသည့် ဒဏ်ရာခြောက်ချက်နှင့် အခြားဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
ယင်းငါးဖမ်းလှေကို တိုက်ခိုက်ရာတွင် ပါဝင်သည်ဟ ယူဆရသူ လေးဦးကို မေလ ၁၆ ရက်နေ့တွင် ဖမ်းမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသူများကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။
(Dawei Watch)

Saturday, May 23, 2015

ကော့သောင်းမြို့ အနီးက ဂျလန်းကျွန်းမှာ ကျောင်းကလေး ဆောက်ပြီးတော့ သာသနာပြု နေတဲ့ ဆရာတော်

ပင်လယ်ရေတွေ ၀ိုင်းရံလျက် ရှိတဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့ အနီးက ဂျလန်းကျွန်းမှာ ကျောင်းကလေး ဆောက်ပြီးတော့ သာသနာပြု နေတဲ့ ဆရာတော်
====================================================





ဘုန်းတော်ကြီးကျောင်း အတော်များများဟာ လူနေတဲ့ မြို့နဲ့နီးရာမှာ တည်ထား ကိုးကွယ်ကြတာကို အများ အားဖြင့် တွေ့ရတတ် ပါတယ်။ တချို့တလေ ကျတော့လည်း တောင်ပေါ်မှာ တချို့ကလည်း တောကြီး ထဲမှာ စသည်ဖြင့်ပေါ့ သာသနာတော် ပွားများရန် အတွက် သီတင်းသုံးနေကြတဲ့ ဆရာတော်တွေလည်း ရှိပါတယ်။
အခု သာသနာပြုနေတဲ့ ဆရာတော်ကတော့ ပင်လယ်ရေတွေ ၀ိုင်းရံလျက် ရှိတဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့ အနီးက ဂျလန်းကျွန်းမှာ ကျောင်းကလေး ဆောက်ပြီးတော့ သာသနာပြု နေတဲ့ ဆရာတော် တစ်ပါးဖြစ် ပါတယ်။
ဆွမ်းရေး ကွမ်းရေးကိစ္စ ကျန်းမာရေးကိစ္စ ဆိုတာ နေ့နေ့ညည အရေးပေါ်နိုင်တာမို့ အခုလို ကျွန်းမှာ နေပြီး သာသနာပြုတဲ့ ဆရာတော်ဘုရားကို လေးစား ကြည်ညိုစိတ်၊ ကြည်နူးသည့် စိတ်ဖြစ်ပေါ်စေခဲ့ ပါတယ်။
ဆွမ်းတစ်နပ် ဘုန်းပေးဖို့ အရေး လှိုင်းလေ အမြဲတမ်း ပြင်းထန်နေတဲ့ ပင်လယ်ထဲက ကျွန်းလေးတွေမှာ လက်ခတ်လှေလေးနဲ့ ဆွမ်းကိစ္စ ဖြေရှင်း ရတာပါ။ မုန်တိုင်း လာနေတဲ့နေ့ လေပြင်းပြီး လှိုင်းကြီးနေ တဲ့ နေ့ဆို ဆရာတော် အတွက် ဆွမ်းကိစ္စ ဘယ်လောက် ခက်ခဲမယ် ဆိုတာ စဉ်းစားကြည့်ပါ။ အနီး အနားမှာ ဆလုံရွာကလေးတွေပဲ ရှိတာပါ၊ ဒီဆလုံရွာ ကလေးတွေက လှူတဲ့ ဆွမ်းခဲဖွယ်ကို ဘုဉ်းပေးပြီး သာသနာ တည်တံ့ ပြန့်ပွားအောင် ကြိုးစားနေတဲ့ ဆရာတော်ရဲ့ စေတနာကို လေးစား ဂုဏ်ပြုလိုက် ရပါတယ်ဗျာ။
ဆရာတော်ဘုရား ကျန်းမာစွာဖြင့် ဘုရားရှင် သာသာနာတော်ကို ဆတက်ထမ်းပိုး သာသာနာပြု နိုင်ပါစေ လို့လည်း ဆုတောင်းပေးလိုက်ရ ပါတယ်။
သတင်းဓါတ်ပုံ၊ ဖိုးရွှေသွန်း

Thursday, May 21, 2015

ယာဉ်တိုက်မှု့ ကင်းဝေးစေရန်

ကော့သောင်းမြို့နယ် ရွှေဇင်ယော်ရပ်ကွက်
မြရည်ပုလဲလမ်းနှင့်ငုဝါလမ်းထိပ် နန္ဒာဝန်ဈေးအနီး
ယာဉ်တိုက်မှု့ မကြာခဏဆိုသလိုဖြစ်နေပါတယ်
ပုံပါသည့်အတိုင်း ပြုလုပ်ခြင်းဖြင့် ယာဉ်အနန္တာရာယ်
ကင်းဝေးနိုင်ပါတယ်


အများအတွက် ကော့သောင်းသား

Kozaw Zaw

Wednesday, May 20, 2015

မူလတန်းဝတ်စုံ ၃ သောင်းကျော် ပေးမည်

မူလတန်းဝတ်စုံ ၃ သောင်းကျော် ပေးမည်

ကော့သောင်း » May 19, 2015



၂၀၁၅ -၂၀၁၆ ပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်း အဆင့် ကျောင်းအပ်နှံရေး အခမဲ့ ဆောင်ရွက်ပေး ခြင်းနှင့်အတူ မူလတန်း ကျောင်းသူ ၊ကျောင်းသားများအား ကျောင်းဝတ်စုံ တစ်စုံပါ အခမဲ့ ထုတ်ပေးမည်ဟု ကော့သောင်းမြို့နယ် ပညာရေးမှူးရုံး ထံမှ သိရသည်။

မှုလတန်းအဆင့် ကျောင်းသား များကို အခမဲ့ ကျောင်းအပ်နှံရေး အပြင် ပြဋ္ဌာန်း ပုံနှိပ်စာအုပ် တစ်စုံ ၊ ဗလာ စာအုပ် ၆ အုပ်၊ ကျောင်းဝတ်စုံတစ်စုံ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးက ပြောသည်။

” အလယ်တန်း အဆင့်ကိုတော့ ကျောင်းအပ်နှံရေး အခမဲ့နဲ့ ပြဌာန်း စာအုပ် ပုံနှိပ်တစ်စုံ ထုတ်ပေးသွားမယ် ” ဟု ၎င်းက ဆိုသည်။

ကျောင်းအပ်နှံခြင်းကို မေလ တတိယ အပတ်တွင် စတင်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း အထက်ပါရုံးမှ သိရသည်။



ကော့သောင်းမြို့နှင့်ဆိုင်သောသတင်းများပေးပို့တင်ကြပါ

Monday, May 18, 2015

တီဗွီကြည့် စကားများရာမှ ဓားခုတ်မှုဖြစ်

တီဗွီကြည့် စကားများရာမှ ဓားခုတ်မှုဖြစ်



ရနောင်းမှ စာအုန်းဆီ တန်ချိန် ၃၆၀ ကော့သောင်းသို့ နှစ်စဉ် တင်သွင်း

ရနောင်းမှ စာအုန်းဆီ တန်ချိန် ၃၆၀ ကော့သောင်းသို့ နှစ်စဉ် တင်သွင်း
ကော့သောင်း » May 18, 2015


ထိုင်း-မြန်မာနယ်စပ် ကော့သောင်း သို့ ထိုင်းနိုင်ငံမှ စားအုန်းဆီ တစ်နှစ် တန်ချိန် ၃၆၀ နှစ်စဉ် တင်သွင်းရောင်းချ လျက်ရှိကြောင်း ကော့သောင်းမြို့နယ် ဆီကုန်သည်များအသင်းထံမှ သိရ သည်။

တစ်လလျှင် စားအုန်းဆီ တန်ချိန် ၃၀ လစဉ် တင်သွင်းရောင်းချသည်ဟု အထက်ပါ အသင်းက ပြောသည်။
” နယ်စပ်မြို့ ဖြစ်နေတော့ စား အုန်းဆီကို ထိုင်းကနေပဲ တင်သွင်း တယ် ” ဟု ကော့သောင်း ဆီကုန်သည် အသင်း ဥက္ကဋ္ဌက ဆိုသည်။
အခြား ထိုင်းထုတ် ပဲဆီ၊ အသီး အရွက်ဆီ စတဲ့ ဆီသန့်များကို ဒေသခံ တနိုင်တပိုင် လုပ်ငန်းရှင်များက တင် သွင်း ရောင်းချကြောင်း သိရသည်။
ထို့အပြင် မြိတ်နှင့် ထားဝယ်မြို့ များကလည်း ထိုင်းမှ စားအုန်းဆီ တင် သွင်းသည်ဟု ကော့သောင်း ဆီကုန် သည်များက ပြောသည်

Saturday, May 16, 2015

"လပြည့်""လကွယ်"…သံဃာ့အရုဏ်ဆွမ်းလောင်းလှူ ပွဲကြီး…


…16.5.2015.စနေနေ့/၁၃၇၇.ခု.ကဆုန်လဆုပ်(၁၄)ရက်…
………………………………………………………………………………


တနသာင်္ရီတိုင်းဒေသကြီး/ကော့သောင်းမြို့/ရွှေပြည်သာရပ်ကွက်/
ဝါပကာလ/…"လပြည့်""လကွယ်"…သံဃာ့အရုဏ်ဆွမ်းလောင်းလှူ ပွဲကြီး…
ကော့သောင်းမြို့ရွှေပြည်သာရပ်ကွက်ရဲ့၊သာရေးနာရေးအဖွဲ့ကြီးနှင့်၊ဝံသာနုရက္ခိတ(ယုန်ကလေးများ)အသင်းနှင့်၊ရွှေပြည်သာရပ်မိရပ်ဖများမှ၊ပူးပေါင်းပြီး၊ဘုန်းတော်ကြီးကျောင်းပေါင်း(၂၄)ကျောင်းမှ၊သံဃာတော်အပါး(၂၀၀)အား၊နွေရာသီ၊ဝါပကာလ၊"လပြည့်""လကွယ်"နေ့တိုင်း၊အရုဏ်ဆွမ်းများလောင်းလှူ ကြပါတယ်၊အခုလိုဖိတ်နေ့မှာတော့၊မနက်ဖြန်၊ကဆုန်လကွယ်နေ့၊အရုဏ်ဆွမ်းများလောင်းနိုင်ရန်၊ယုန်ကလေးအသင်းသူအသင်းသားများက၊အခုလို၊ဆွမ်းဟင်းဆွမ်းထ္မင်းများကို၊တက်တက်ကြွကြွ၊ချက်ကြ၊ပြုပ်ကြနှင့်၊ညီရင်းအကိုတွေလို၊ပျော်ရွှင်စွာ၊လုပ်ကိုင်ကြပါသည်။
(အနာဂတ်လွင်ပြင်)

Friday, May 15, 2015

သမဝါယမအသင်းများရှင်သန်ဖွံဖြိုးရေး မှ ကျပ်သိန်းတစ်ရာ ထုတ်ချေးပေးခဲ့


သမဝါယမအသင်းများရှင်သန်ဖွံဖြိုးရေး မှ ကျပ်သိန်းတစ်ရာ ထုတ်ချေးပေးခဲ့ 



သမဝါယမအသင်းများရှင်သန်ဖွံဖြိုးရေးအတွက်
ကော့သောင်းမြို့နယ်သမဝါယမအသင်းစုသည် တနင်္သာရီတိုင်းသမဝါယမအသင်းစုချုပ်မှရရှိသောပံ့ပိုးငွေ ကျပ်သိန်းတစ်ရာကို
ရွှေယင်းမာ တည်းခိုခန်းသမဝါယမအသင်းအား ထုတ်ချေးပေးခဲ့ပါသည် ။
၁၅.၅.၂၀၁၅ မြို့နယ်သမဝါယမဦးစီးဌာနရုံး

Thursday, May 14, 2015

သီတာလှေဒေါက် မီးလောင်မှု့ဖြစ်ပွားခြင်း

သီတာလှေဒေါက် မီးလောင်မှု့ဖြစ်ပွားခြင်း

***************






***မီးသတင်း**^
ဒီနေ့(15.5.2015)သောကြာနေ့၊နံနက်(၁၀:၄၅)နာရီ၊အချိန်လောက်တွင်
ကော့သောင်းမြို့၊ရွှေပြည်သာရပ်ကွက်၊သီတာလှေထောက်ကျင်းတွင်၊ဆိုက်ကပ်ထားသော၊
**အမ်တီ~မီခြည်လီ~၉**အမည်ရှိဒီဇယ်ဆီတင်သဘောင်္၊မီးလောင်မှု.ဖြစ်ပွားခဲ့ပါသည်၊ကော့သောင်းမြို့မှ၊မီးသတ်ရဲဘော်များနှင့်မီးသတ်ကားသုံးစီး၊ထိုဆီလေကြီးအား၊ကြိုးစားပြီးငြိမ်းသတ်ကြပါသည်၊အထိအခိုက်အပျက်အစီးအတည်မပြုနိုင်သေးပါ၊တာဝန်ရှိသူများစုံစမ်းဆဲဖြစ်ပါသည်။
(အနာဂတ်လွင်ပြင်)


ကော့သောင်းတွင် မူးယစ်ဆေးဝါး ရှာဖွေရန် ခွေးစသုံးမည်

ကော့သောင်းတွင် မူးယစ်ဆေးဝါး ရှာဖွေရန် ခွေးစသုံးမည်
ကော့သောင်း » May 13, 2015



ကော့သောင်းခရိုင်အတွင်း မူးယစ် ဆေးဝါး ရှာဖွေရန် ခွေးကို စတင် အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း ကော့ သောင်းမြို့နယ် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးမှု ပြုလုပ်မည့် နေအိမ်၊ ကားဂိတ်စသည့် မသင်္ကာဖွယ်နေရာများအား သွားရောက် ရာတွင် ရဲတပ်ဖွဲ့ဝင်များ ရှာဖွေရန် ခက်ခဲသည့် နေရာတချို့ကို ခွေးအား အသုံးပြုကာ အနံ့ခံရှာဖွေ စေမည် ဖြစ် ကြောင်း ကော့သောင်းမြို့နယ် မူးယစ် ရဲတပ်ဖွဲ့ ဒုရဲမှူးမြင့်ထွန်းက ပြောသည်။
” မြေကြီးထဲ တူးမြှုပ်ထားတာတို့၊ အိမ်တိုင်တွေထဲမှာ ထည့်ဝှက်ထားတာ တို့၊ လူခန္ဓာကိုယ်ထဲ ထည့်ဝှက်ထားတာ စတဲ့ မမြင်နိုင်တဲ့နေရာတွေမှာ ဝှက်ထား ရင် အဲဒီခွေး အကူအညီနဲ့ ရှာဖွေသွားမှာ ” ဟု ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးရန် အတွက် အနံ့ခံအားကောင်းသည့် Labrador အမျိုးအစား ခွေးတစ်ကောင် ကို အသုံးပြု မည်ဖြစ်ပြီး ယင်းခွေးကို သင်တန်း ၆ လ ပေးထားပြီး ဖြစ်သော် လည်း လက်ရှိအသုံးမပြုမီ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ် ပေးနေကြောင်း မူးယစ် ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံ မှ သိရသည်။

ရွှေထည်နှင့် ငွေသားသိန်းဆယ်ချီပါ လက်ကိုင်အိတ် ခိုးယူသူများကို ဖမ်းမိ

ရွှေထည်နှင့် ငွေသားသိန်းဆယ်ချီပါ လက်ကိုင်အိတ် ခိုးယူသူများကို ဖမ်းမိ
ကော့သောင်း » May 14, 2015



ကော့သောင်းမြို့နယ်၊ အဏ္ဏဝါ ရပ်ကွက် ဈေးကြီးအတွင်းရှိ အထည် ဆိုင် တစ်ဆိုင်မှ ကျပ်သိန်း ၆၀ ကျော်နှင့် ရွှေထည်ပစ္စည်းပါ လက်ကိုင် အိတ်ခိုး ယူထွက်ပြေးသွားသည့် အမျိုး သမီးနှစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ နေ့ ချင်း ဖမ်းမိခဲ့သည်ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၇ ရက်နေ့ နံနက် ၉ နာရီ ခန့်အချိန်တွင် အထည် ဆိုင်အတွင်း အဝတ်အစား လာဝယ်သည့် ဈေးဝယ်သူ အမျိုးသမီး နှစ်ဦးသည် ကောင်တာ စားပွဲပေါ် တင်ထားသည့် ဆိုင်ရှင် အမျိုးသမီး လက်ကိုင်အိတ်အား ခိုးယူ ထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းမှ သိရသည်။
” ဝယ်သူ လာတယ်ဆိုတော့ အ ထည်တွေ ပြပေးတယ်။ ဈေး ပြောပြ တယ်၊ နောက် ဘာမှ မဝယ်ဘဲ နှစ် ယောက်စလုံး ပြန်ထွက် သွားတယ်။ သူတို့ ထွက်သွားပြီး ကောင်တာ စားပွဲပေါ် ကြည့်လိုက်တော့ လက်ကိုင် အိတ်မရှိတော့ဘူး ” ဟု အထည်ဆိုင် ပိုင်ရှင် နော်အေးအေးသန်းက ဆိုသည်။
အထည်ဆိုင်ပိုင်ရှင် တိုင်တန်းချက်အရ ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးကာ ခိုးမှုကျော်ဇော သတင်းရှိသူများအား စစ်ဆေးပြီး နောက် ၎င်းတို့ မျက်နှာပုံသဏ္ဍာန်တို့ကို ပြကာ သိရှိက အကြောင်းကြားပေးရန် ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်ဟု ကော့သောင်း မြို့မရဲစခန်း စခန်းမှူးမှ ပြောသည်။
ထို့နောက် ညဘက်တွင် မြို့အဝင် ကားများ အား တားဆီးစစ်ဆေးခဲ့ရာ ငွေကြေးနှင့် ရွှေထည် ပစ္စည်းများ ခိုးယူထွက်ပြေးသွားသူ အမျိုးသမီး နှစ်ဦးကို ရွှေသာရီအဝေးပြေးယာဉ်ပေါ်တွင် ဖမ်းမိ ခဲ့သည်ဟု စခန်းမှူး ရဲအုပ်အေးကြိုင်က ရှင်းပြသည်။
အဆိုပါ အမျိုးသမီး နှစ်ဦးထံမှ ပျောက်ဆုံး ပစ္စည်း တချို့နှင့် ငွေသားတချို့ သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိနေသေးသည့် ငွေကြေးများ အား စစ်ဆေးကာ ဥပဒေအရ ဆောင်ရွက်နေကြောင်း သိရသည်။

Saturday, May 9, 2015

ဘုတ်တောင်မှ ကော့သောင်းအထိ ၁၈ ပေ လမ်း ခင်းမည်

ဘုတ်တောင်မှ ကော့သောင်းအထိ ၁၈ ပေ လမ်း ခင်းမည်
ထားဝယ် » May 9, 2015


၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်မြို့မှ မိုင် ၅၀ ခန့်ဝေးသည့် သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်မှ ကော့သောင်းအထိ ပြည်ထောင်စုလမ်း မကြီးကို ၁၈ ပေ လမ်းခင်းမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်များက ရေဖြူမြို့ နယ် မလွှဲတောင်မှ ဘုတ်တောင် အထိ ၁၈ ပေအကျယ် လမ်းကို ဖောက်လုပ် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခု ဘဏ္ဍာ ရေးနှစ် တွင် ဘုတ်တောင်မှ ကော့သောင်းအထိ ခင်းပြီးပါက တနင်္သာရီတိုင်းဒေသ ကြီး၏ မြောက်ပိုင်းမှ တောင်ပိုင်းစွန်း အထိ ၁၈ ပေ အကျယ် ပြည်ထောင်စု လမ်းမကြီး ဖြစ်လာမည် ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာ ကျော်ဆန်းက ပြောသည်။
” အနိမ့်ဆုံးကတော့ ကတ္တရာလမ်း ပေါ့။ ကွန်ကရစ် လမ်းပိုင်းတွေလည်း ပါမယ် ” ဟု ဝန်ကြီး ဒေါက်တာ ကျော်ဆန်းက ပြောသည်။
ယခု ဘဏ္ဍာရေးနှစ်တွင် လမ်း တံတားပြင်ဆင် တည်ဆောက်ရန်အတွက် ဘဏ္ဍာငွေ ကျပ် ၁၀၁ ဘီလီယံကျော် ရရှိထား ကြောင်းသိရသည်။
ယခုနှစ် ဖောက်လုပ်မည့် လမ်းတစ်လျှောက်တွင် မြိတ်မြို့၊ ပုလောမြို့ အပါအဝင် အချို့လမ်းပိုင်း များတွင် ၁၈ ပေလမ်း၊ ၂၄ ပေ လမ်းအချို့ရှိပြီး ကျန်လမ်းများမှာကျောက်ခင်းလမ်းများ ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။သို့သော် လက်ရှိ အနေအထားတွင် မြိတ်နှင့် ကော့သောင်း အကြားရှိ လေညာ-ပြည်ကြီးမဏ္ဍိုင်-ဘုတ်ပြင်း လမ်းပိုင်း တွင် မြေနီလမ်းများသာ ဖြစ်ပြီး လမ်းခရီးကြမ်းတမ်းသည်ဟု မြိတ်-ကော့သောင်း ပြေးဆွဲသည့် ယာဉ်လိုင်း အသိုင်းအဝိုင်း က ပြောသည်။မြို့နှင့် အနီး ပတ်ဝန်းကျင်တွင်သာ ကတ္တရာလမ်းများ ရှိပြီး ကျန်နေရာ အများစုမှာ မြေနီလမ်းများဖြစ်သည်ဟု ယင်းယာဉ်လိုင်း အသိုင်းအဝိုင်းက ဆိုသည်။
” ၁၀၂၀ တောင်နားမှာ အဆိုးဆုံး ပဲ ” ဟု ငွေဖြိုးခိုင် ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။လမ်းခရီး ကြမ်းတမ်းသည့်အတွက် ကော့သောင်း-မြိတ် ခရီးစဉ်ကို ယာဉ် အဟောင်းများဖြင့်သာ ပြေးဆွဲလျက်ရှိပြီး လေအိတ်ကားများ၊ အဆင့်မြင့် မှန်လုံကား မပြေးဆွဲနိုင် သေးဟု ၎င်းတို့က ပြောသည်။ မြိတ် – ကော့သောင်း လမ်းပိုင်းကို အချို့ယာဉ်လိုင်းများက လေအိတ်ကားများဖြင့် ခရီးသည်မပါဘဲ စမ်းသပ်မောင်းနှင်ဖူးကြောင်း သိရသည်။
မြိတ်-ထားဝယ် လမ်းသည်လည်း ပွင့်လင်းရာသီတွင် သွား လာရ အဆင် ပြေသော်လည်း တချို့ နေရာများတွင် မြေနီလမ်းများဖြစ်သောကြောင့် မိုးရာသီတွင် သွားလာ ရ ခက်ခဲသည်ဟု အထက်ပါ ယာဉ်မောင်းက ဆိုသည်။
ယာဉ်လိုင်း အများစုမှာ ခရီးစဉ်ကို မြိတ်မြို့အထိသာ ပြေးဆွဲကြပြီး မြိတ် မှ ကော့သောင်းသို့မူ ကားကြီး ယာဉ် လိုင်း ၆ လိုင်းနှင့် ကားငယ် ယာဉ်လိုင်း ၂ လိုင်း တို့သာ ပြေးဆွဲကြ ကြောင်း မြိတ်-ကော့သောင်း ပြေးဆွဲ သည့် ယာဉ်လိုင်း များထံမှ သိရသည်။
မြိတ်-ကော့သောင်း လမ်းပိုင်းကို ၁၈ ပေအကျယ် ကွန်ကရစ် လမ်းခင်း ပြီးပါက မြိတ်မြို့မှ ကော့သောင်းမြို့သို့ ပြေးဆွဲရန် ယာဉ်လိုင်းအများစုက စိတ် ဝင်စားလျက်ရှိသည်။
ဘုတ်တောင်မှ ကော့သောင်းအထိ ၁၈ ပေ လမ်းဖောက်လုပ်ရန်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ် နေပြီဖြစ်ကြောင်း ဝန်ကြီးဒေါက်တာကျော်ဆန်းက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် လည်း ပြည်ထောင်စုလမ်းမကြီးအတွက် ဘတ်ဂျက်အများဆုံး အသုံးပြုခဲ့ပြီး အကွေ့အကောက်များဖြင့် အန္တရာယ်များသည့် မလွှဲတောင်လမ်းပိုင်းကို လမ်းဖြောင့်နီးပါးဖြစ်အောင် ဖောက်လုပ်ခဲ့သည်။

Dawei Watch

၃နှစ်အထက် နေထိုင်သူများ အိမ်ထောင်စုစာရင်း ထုတ်ပေးမည်

၃နှစ်အထက် နေထိုင်သူများ အိမ်ထောင်စုစာရင်း ထုတ်ပေးမည်
ကော့သောင်း » May 9, 2015


ကော့သောင်းခရိုင် အတွင်း ၃ နှစ် အထက် နေထိုင်သူများကို အိမ်ထောင်စု စာရင်း အခမဲ့ ထုတ်ပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး နိုင်ငံသား စိစစ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန တိုင်းဦးစီးမှူး က ပြောကြား သည်။

ဧပြီလ ၂၉ ရက်နေ့တွင် ပြု လုပ်သည့် မိုးပွင့် အထူးစီမံချက် လုပ်ငန်းရှင်းလင်းပွဲ တွင် တိုင်းဦးစီးမှူးက ယင်းသို့ ပြောကြား ခဲ့သည်။
အိမ်ထောင်စု စာရင်း ပြုလုပ်ရန် အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကော်မတီအဖွဲ့များ၏ ထောက်ခံချက် လိုအပ်ကြောင်း သိရသည်။
နယ်စပ်မြို့ဖြစ်သည့် ကော့သောင်း တွင် ရွှေ့ပြောင်း အလုပ်သမား အများ အပြားနေထိုင်ကြပြီး အိမ်ထောင်စုတွင်း မရှိဘဲ နှစ်အတန်ကြာ နေထိုင်နေသူများ လည်း ရှိသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ချို့ကဆိုသည်။
” တချို့ဆို ရပ်ကွက်ရုံးမှာ ဧည့် စာရင်းတိုင်ပြီး နေထိုင်ကြတယ် ” ဟု ဘုရင့်နောင်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသား တစ်ဦးက ပြောသည်။
ရွေးကောက်ပွဲ နီးလာပြီဖြစ်သည့် အတွက် အသက်ပြည့်ပြီးသူနှင့် နိုင်ငံသား ဖြစ်သူတိုင်း မဲပေးခွင့်ရရှိရန် မှတ်ပုံတင် နှင့် အိမ်ထောင်စု လိုအပ်သောကြောင့် ယင်းသို့ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု အထက်ပါ တိုင်းဦးစီးမှူးက ဆိုသည်။
Dawei Watch


ကော့သောင်းမြို့နှင့်ဆိုင်သောသတင်းများပေးပို့တင်ကြပါ

Thursday, May 7, 2015

ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်မှု ကန်ဒေါ်လာ ခြောက်သန်းကျော် ကျဆင်း

ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်မှု ကန်ဒေါ်လာ ခြောက်သန်းကျော် ကျဆင်း
ကော့သောင်း၊ မေ ၆

ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်က ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၆ သန်းကျော် ကျဆင်းခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းထံမှ သိရသည်။
ယင်းဘဏ္ဍာရေးနှစ်၏ ပို့ကုန်နှင့် သွင်းကုန် နှစ်မျိုးစလုံး ကုန်သွယ်မှု ပမာဏ တန်ဖိုးကျဆင်းသွားကြောင်း အထက်ပါဌာနမှ သိရသည်။
ကုန်သည်များနှင့် လုပ်ငန်းရှင်များက ကုန်စည်စီးဆင်းမှု လွယ်ကူပြီး စရိတ်သက်သာသည့် မြဝတီဘက်ကို ပြောင်းရွှေ့လုပ်ကိုင်ကြသည့်အတွက် ယခင်က ကော့သောင်းမှ ရန်ကုန်သို့ တင်သွင်းသည့် ကုန်တချို့ လျော့သွားသည်ဟု ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း ဒုညွှန်ကြားရေးမှူးက ရှင်းပြသည်။
ထို့အပြင် ငါးမဖမ်းရရာသီ ပြောင်းလဲသတ်မှတ်မှုကြောင့်လည်း ရေထွက်ပစ္စည်း တင်ပို့မှု အနည်းငယ် လျော့ကျခဲ့သည်ဟု ၎င်းက ပြောသည်။
“လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ပါတယ်” ဟု ကော့သောင်းမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဝေဖန်သည်။
ကုန်သွယ်မှု မြှင့်တင်လိုပါက လမ်း၊ တံတားနှင့် လျှပ်စစ်မီးကို ဖြည့်ဆည်းရန် အစိုးရအနေနှင့် ထည့်သွင်းစဉ်းစားရန် လိုသည်ဟု မှတ်ချက်ပြုသည်။
ယင်းသို့ ကုန်သွယ်မှု ကျဆင်းခြင်းသည် ထီးခီး၊ မောတောင်၊ မြဝတီ စသည့် နယ်စပ်ဂိတ်များ ဖွင့်လှစ်မှုနှင့်လည်း ဆက်စပ်သည်ဟု အထက်ပါ လုပ်ငန်းရှင်က ပြောကြားသည်။
၂၀၁၀ မှ ၂၀၁၅ ခုနှစ် ငါးနှစ်အတွင်း ယခုနှစ်ကဲ့သို့ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်ကလည်း ကုန်သွယ်မှု ကျဆင်းဖူးသည်ဟု နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းထံမှ သိရသည်။
(Dawei Watch)

ထိုင်းကဖုန်း SMS Card တွေကို မှတ်ပုံတင်တဲ့နည်း

ထိုင်းကဖုန်း SMS Card တွေကို မှတ်ပုံတင်တဲ့နည်း
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ထိုင်းမှာနေတဲ့သူငယ်ချင်းတွေအတွက် ထိုင်းကဖုန်း SMS Card တွေကို မှတ်ပုံတင်တဲ့နည်းလေးကိုပြန်လည်မျှဝေပေးလိုက်တာပါ...အပုံလေးတွေနဲ့ရှင်းပြရင်သိပ်ပြီးမရှင်းမှာကြောင့်မို့ ဒီ video file လေးနဲ့သေခြာရှင်းပြပေးလိုက်တာပါ..ထိုင်းနိုင်ငံကဖုန်း SMS Card တွေအကုန်လုံးကို ထိုင်းနိုင်ငံရဲ့လုံခြုံရေးအရ မှတ်ပုံတင်ပေးရမယ်လို့ တရားဝင်ကြေငြာထားပါတယ်..မှတ်ပုံမတင်တဲ့ ဖုန်းဆင်းကဒ်တွေကို ဖုန်းခေါ်ဆိုမှု့နဲ့ အင်တာနက်အသုံးပြုမှု့တွေကို ပိတ်ပြစ်မှာဖြစ်ပါတယ်...ဒါကြောင့်အခုလိုဖုန်းဆင်းကဒ်ကိုမှတ်ပုံတင်တဲ့နည်းလေးကို မသိရသေးတဲ့သူတွေနဲ့ သိပြီးတော့သေသေခြာခြာမလုပ်တက်သေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး ဒီဗွီဒီယိုဖိုင်လေးနဲ့ ရှင်းပြပေးလိုက်တာပါ...
ကျွန်တော်တို့ ပထမဦးဆုံးလုပ်ရမှာက မိမိရဲ့ဖုန်းနံပါတ်ကိုအရင်စာရွက်အလွတ်တစ်ခုပေါ်မှာ ရှင်းရှင်းလင်းလင်းလေးမြင်သာအောင်ချရေးထားလိုက်ပါ..ပြီးရင် ဖုန်းခေါ်တဲ့နေရာမှာ.*151# ကိုနှိပ်ပြီးခေါ်လိုက်ပါ...အဲလိုခေါ်လိုက်တာနဲ့ဖုန်းရုံးက စာအိပ်တစ်အိပ်ပြန်လည်ပို့ပေးလာပါလိမ့်မယ်....ထိုင်းစာတွေနဲ့ပါ အဲ့ဒီစာအိပ်ထဲမှာ english အက္ခရာ ဂဏန်း ခြောက်လုံး ရှိပါတယ်...ဥပမာ..ghaboz. ပါ..အဲ့ဒီ ဂဏန်း ခြောက်လုံးကိုသေခြာလေးမှတ်ထားပေးဖို့လိုပါတယ်...ဒါတွေလုပ်ဆောင်ပြီးပြီဆိုရင်တော့ အောက်မှာ သက်ဆိုင်ရာဆင်းကဒ် နံပါတ်တွေကို လူအ ရေးပေးထားပါတယ် ..ကိုယ်အသုံပြုတဲ့ ဆင်းကဒ် ရဲ့ကုဒ်နဲ့ပါတ်ကို အသုံးပြုနိုင်ပါတယ်....

Dtac.......User name......71278995
Password.......71278995
(or)
User name......75702005
Password.......75702005

Truemove...User name.....17405423
Password......true1234
(or)
User name.....17405425
Password......true1234

12 Call..User name.....AIS83618
Password......AIS83618

အပေါ်မှာရေးပြပေးထားတဲ့ user name နဲ့ password တွေကို ဆင်းကဒ် မှတ်ပုံတင်ရာမှာအသုံးပြုရမယ် ဆော့ဝဲလ်မှာထည့်ပေးရမှာဖြစ်ပါတယ်..မိမိတို့ရဲ့ဆင်းကဒ်အမျိုးအစားအလိုက် ရွေးပြီးတော့ ထည့်ပေးလိုက်ပါ...အောက်မှာဆော့ဝဲလ် လင့်ချပေးထားပါတယ်...အရင်ဒေါင်းထားလိုက်ပါ....ပတ်စပိုစ့်စာအုပ်ကိုအဆင်သင့်ယူထားလိုက်ပါ....မိမိရဲ့ဖုန်းနံပါတ်ကိုလဲ စာရွက်တစ်ခုပေါ်မှာ ရှင်းရှင်းလင်းလင်းမြင်သာအောင်ချရေးထားပါ...အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်
 စတင်လုပ်ဆောင်နိုင်ပါပြီ....
ဆော့ဝဲကိုတော့ MYanmae App Store တွင်ဒေါင်းယူနိုင်ပ့ါသည်။

ထိုင်နိုင်ငံမှာရှိတဲ့သူတွေအကုန်လုံးမှတ်ပုံတင်ပေးမှရမှာဖြစ်တဲ့အတွက် လူအ အချိန်ပေးပြီးတော့ ပြန်လည်မျှဝေပေးထားတာပါ..User name နဲ့ Password က ဘယ်လိုရလာလဲတော့ လူအ မသိပါ..ဒါပေမယ် ဒီ User name နဲ့Password တွေနဲ့ပဲ လုပ်တာ အဆင်ပြေနေပါတယ်...လူအလဲ လိုင်းပေါ်မှာတွေ့လို့စုပြီးယူလာပေးတာပါ...အားလုံးကို ကျေးဇူးတင်ပါတယ်...ဒီ post လေးကို တက်နိုင်သလောက်မသိသေးတဲ့သူတွေအတွက်ပြန်ပြီး Share ပေးဖို့ တောင်းဆိုပါတယ်...
မှတ်ပုံမတင်ထားတဲ့ ဆင်းကဒ်တွေကို ပိတ်ပြစ်တော့မှာမို့လို့ပါ....အားလုံးအဆင်ပြေပါစေ...
✏ ✏ (လူအ)