KKT Repair Service

Monday, February 23, 2015

အမျိုးသားများ အမျိုးသမီးကို ကြည့်ခြင်းက

အမျိုးသားများ အမျိုးသမီးကို ကြည့်ခြင်းက
သဝန်တိုတတ်တဲ့ ချစ်သူများကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားများ အနေနဲ့ အကြောင်းပြချက်ကောင်း တစ်ခု ရှိသွားပြီ ထင်ပါတယ်။ ယင်းကတော့ အမျိုးသားများ အနေနဲ့ အမျိုးသမီးကို ကြည့်ခြင်းက သဘာဝအရ ဦးနှောက်ဆဲလ် တစ်ခုရဲ့ စေ့ဆော်မှု အရ ဖြစ်ကြောင်း သုတေသန တစ်ခုက ထုတ်ပြန်ထားပါတယ်။
ယင်း သုတေတနရ အမျိုးသားတစ်ယောက်ဟာ အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရင် sex ဟိုမုန်း testosterone ဟာ ဦးနှောက်က အာရုံကြော ထိန်းချုပ်စင်တာ အထိ သွား သတင်းပို့ပါတယ်။ ယင်းပို့ဆောင်တဲ့ သတင်းအရ ယောင်္ကျားရဲ့ မျက်လုံးဟာ အလိုအလျောက် အမျိုးသမီးဆီကို ရောက်သွားတာမျိုး ဖြစ်ပါတယ်။ ဥပမာ အားဖြင့် အမျိုးသားနဲ့ အမျိုးသမီး အတူလျှောက်လာတာကို မြင်တာတောင် မျက်နှာချင်းဆိုင်လာတဲ့ အမျိုးသားက အမျိုးသားချင်းအရင် မကြည့်ပဲ အမျိုးသမီး ဘက်ကို ဦးစွာ အရင်ကြည့်ရှုမိခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ပွင့်ပွင့်လင်းလင်း ဝတ်စားထားတဲ့ အမျိုးသမီးများကို မြင်ရင် ယောင်္ကျားလေးများက ငေးကြတယ်ဆိုတာ Testosterone များလို့ ဖြစ်ပါလိမ့်မယ်။ ဒါကို ဥာဏ်ရည်မြင့်တဲ့ အမျိုးသားများက အကြည့်နဲ့ အတွေးမှာတင် ရပ်လိုက်ပေမယ့် အခြား ဥာဏ်ရည်နည်း အမျိုးသားများက ကိုယ်ထိ လက်ရောက် ကျူးလွန်မှုအထိ ဖြစ်လာပါတယ်။ ဒါကြောင့်မို့ အမျိုးသမီးများ အနေနဲ့လည်း မိမိ အန္တရာယ် မဖြစ်ပဲ လုံခြုံစိတ်ချရစေဖို့ လုံလုံခြုံခြုံ ဝတ်ဆင်တတ်ဖို့ အကြံပြုလိုက် ပါရစေ။
.
Ref: medic-fact
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
(Unicode version)




.
Ref: medic-fact
www.yoyarlay.com

‪#‎aungkham_yyl‬
‪#‎knowledge_yyl‬

No comments:

Post a Comment

မှတ်ချက်လေးများပေးနိုင်ပါတယ်