-----------Start menu>Contorl Panel ကိုေဖ်ာက္ထားနည္း----------
----------------------------------------------------------------------------
ကြန္ပ်ဴတာစနစ္တြင္ အခ်ိဳ႕ေသာ ေျပာင္းလဲခ်က္မ်ားကို Start>Control Panel မွတစ္ဆင့္ အလြယ္တကူ ျပင္ႏိုင္သလို Registry သို႕၀င္ၿပီး ျပင္ႏိုင္တာမ်ားလည္းရွိပါတယ္။ သို႕ေသာ္ Registry အေၾကာင္းကို အေတာ္အသင့္နားလည္ထားသင့္ပါသည္။ သို႕မဟုတ္ပါက ၀င္းဒိုးစ္စနစ္ကိုပ်က္စီးေစၿပီး ဖိုင္မ်ားပ်က္ကုန္တာမ်ိဳးျဖစ္တတ္ပါတယ္။
ပထမဆံုး Start>Run(box) မွာ regedit လုိ႕ရိုက္ထည့္လိုက္ပါ။ HKEY_CURRENT_USER>>Software>>
Microsoft>>Windows>>CurrentVersion>>Policies>>Explorer ကိုအဆင့္ဆင့္ဖြင့္ၿပီး ၄င္း Explorer တြင္
ညာဘက္ ကလစ္ႏွိပ္ပါ။ ေပၚလာေသာ Popup menu တြင္ New>DWORD Value ကိုေရြးခ်ယ္ၿပီး ႏွိပ္လိုက္ျခင္းျဖင့္ ေပၚလာေသာ New Value #1 တြင္ NoControlpanel ဟုရိုက္ထည့္ပါ။ ၄င္းစာသားေပၚတြင္ ေမာက္စ္ညာကလစ္ ထပ္ႏွိပ္ၿပီး Modify ကိုဖြင့္ပါ။ ေပၚလာေသာ Edit DWORD Value(dialog box) တြင္ Value data ကို 1 ဟု ေျပာင္းထည့္ၿပီး OK ကိုႏွိပ္လိုက္ပါ။ ကြန္ပ်ဴတာကို Restart ခ်လိုက္သည့္အခါတြင္ Start menu တြင္ Control Panel ကိုမျမင္ရေတာ့ပါ။
ထိုသို႕ ေဖ်ာက္ထားျခင္းျဖင့္ မိမိရဲ႕ကြန္ပ်ဴတာကို အျခားသူတစ္ဦးဦးက ၀င္ၿပီး Settings မ်ားေျပာင္းထားျခင္းကိုကာ
ကြယ္ႏိုင္ပါလိမ့္မည္။ ဒါေပမယ့္ ျပန္ေဖာ္ခ်င္ရင္ေတာ့ Value data 1 ေနရာတြင္ 0 ဟုျပန္ျပင္ၿပီး ကြန္ပ်ဴတာကို
Restart ျပန္ခ်လိုက္ပါ။ျပန္ျမင္ရပါလိမ့္မယ္ခင္ဗ်ာ
unicode
-----------Start menu>Contorl Panel ကိုဖျောက်ထားနည်း----------
----------------------------------------------------------------------------
ကွန်ပျူတာစနစ်တွင် အချို့သော ပြောင်းလဲချက်များကို Start>Control Panel မှတစ်ဆင့် အလွယ်တကူ ပြင်နိုင်သလို Registry သို့ဝင်ပြီး ပြင်နိုင်တာများလည်းရှိပါတယ်။ သို့သော် Registry အကြောင်းကို အတော်အသင့်နားလည်ထားသင့်ပါသည်။ သို့မဟုတ်ပါက ဝင်းဒိုးစ်စနစ်ကိုပျက်စီးစေပြီး ဖိုင်များပျက်ကုန်တာမျိုးဖြစ်တတ်ပါတယ်။
ပထမဆုံး Start>Run(box) မှာ regedit လို့ရိုက်ထည့်လိုက်ပါ။ HKEY_CURRENT_USER>>Software>>
Microsoft>>Windows>>CurrentVersion>>Policies>>Explorer ကိုအဆင့်ဆင့်ဖွင့်ပြီး ၄င်း Explorer တွင်
ညာဘက် ကလစ်နှိပ်ပါ။ ပေါ်လာသော Popup menu တွင် New>DWORD Value ကိုရွေးချယ်ပြီး နှိပ်လိုက်ခြင်းဖြင့် ပေါ်လာသော New Value #1 တွင် NoControlpanel ဟုရိုက်ထည့်ပါ။ ၄င်းစာသားပေါ်တွင် မောက်စ်ညာကလစ် ထပ်နှိပ်ပြီး Modify ကိုဖွင့်ပါ။ ပေါ်လာသော Edit DWORD Value(dialog box) တွင် Value data ကို 1 ဟု ပြောင်းထည့်ပြီး OK ကိုနှိပ်လိုက်ပါ။ ကွန်ပျူတာကို Restart ချလိုက်သည့်အခါတွင် Start menu တွင် Control Panel ကိုမမြင်ရတော့ပါ။
ထိုသို့ ဖျောက်ထားခြင်းဖြင့် မိမိရဲ့ကွန်ပျူတာကို အခြားသူတစ်ဦးဦးက ဝင်ပြီး Settings များပြောင်းထားခြင်းကိုကာ
ကွယ်နိုင်ပါလိမ့်မည်။ ဒါပေမယ့် ပြန်ဖော်ချင်ရင်တော့ Value data 1 နေရာတွင် 0 ဟုပြန်ပြင်ပြီး ကွန်ပျူတာကို
Restart ပြန်ချလိုက်ပါ။ပြန်မြင်ရပါလိမ့်မယ်ခင်ဗျာ
No comments:
Post a Comment
မွတ္ခ်က္ေလးမ်ားေပးႏိုင္ပါတယ္