KKT Repair Service

Tuesday, March 31, 2015

လစာမရှင်းပေးသည့်ကိစ္စ ယုဇန ဆီအုန်းလုပ်သား ၄၀ ကျော် သက်ဆိုင်ရာ တိုင်

လစာမရှင်းပေးသည့်ကိစ္စ ယုဇန ဆီအုန်းလုပ်သား ၄၀ ကျော် သက်ဆိုင်ရာ တိုင်
**********************************************
 ကော့သောင်း » March 31, 2015

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးမြင့်ပိုင် ယုဇနဆီအုန်းကုမ္ပဏီမှ လုပ်သားတချို့က ကုမ္ပဏီမှ လုပ်ခ မရှင်းပေးသည့်အတွက် မတ်လ ၂၅ ရက်နေ့က ကော့သောင်းမြို့နယ် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူ လုံရေး ဦးစီးဌာနထံ စုပေါင်း လက်မှတ် ရေးထိုး တိုင်ကြားထားကြောင်း အလုပ် သမားများထံမှ သိရသည်။

ခမောက်ကြီးမြို့နယ်ခွဲရှိ ယင်း ဆီအုန်းခြံမှ လုပ်အားခ မရှင်းပေး သေးသည့် လုပ်သား ၅၃ ဦးအနက် ၄၅ ဦးက ယင်းသို့ တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။” လုပ်အားခတွေ ရှင်းပေးဖို့ ကုမ္ပဏီက တာဝန်ရှိသူတွေကို ခဏခဏ တောင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု ၁၀လကျော်သွားပြီ၊ မရှင်းပေး သေးဘူး ” ဟု အလုပ်သမား တစ်ဦးဖြစ် သည့် ဦးစိုင်းသီဟက ဖွင့်ဟသည်။
လုပ်အားခကို မရှင်းပေးဘဲ ဈေးကားများတွင် ဈေးကြွေးစနစ်ဖြင့် စာရင်းဖွင့်ကာ ဝယ်ယူခိုင်းပြီး လုပ်အား ခတွင် ဈေးအကြွေးဖြတ်သည့် စနစ်ဖြင့် နေထိုင်နေရသည်ဟု ဦးစိုင်းသီဟက ပြောသည်။
လုပ်အားခရှင်းပေးရန် တောင်းဆို သည့်အခါတိုင်း ကုမ္ပဏီ၏ လုပ်အားခ ရှင်းပေးသည့် ဌာနက ပိုက်ဆံမရသေးဟု ပြောလေ့ရှိသည်ဟု အလုပ်သမား တချို့က ရှင်းပြသည်။ ” အလုပ်သမားနဲ့ ကုမ္ပဏီ တာဝန် ရှိသူတွေကို ပြန်ဆွေးနွေး ခိုင်းထား ပါတယ်၊ ဆွေးနွေးလို့ မပြေလည်ရင် ဌာနအနေနဲ့ ပြေလည်အောင် ဖြေရှင်း ပေးသွားမှာပါ ” ဟု ကော့သောင်းမြို့နယ် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ကြူကြူရီက ဆိုသည်။
ယခင်က ကုမ္ပဏီက ၁၅ ရက်တစ် ကြိမ် လုပ်အားခ ရှင်းပေးလေ့ ရှိသော် လည်း ၂၀၁၄ ခုနှစ် မေလ ဒုတိယ အပတ်မှ စပြီး လုပ်အားခမရရှိခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြော သည်။ အဆိုပါ ကိစ္စကို ယုဇနဆီအုန်း ကုမ္ပဏီ၏ ရုံးဖုန်းသို့ ဆက်သွယ် မေးမြန်းသော်လည်း တယ်လီဖုန်း ဆက်သွယ်ရေး အခက်အခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။
ကော့သောင်းမြို့နယ် အလုပ် သမား အလုပ်အကိုင်နှင့် လူမှုဖူ လုံရေး ဦးစီးဌာနက ဆက်သွယ် မေးမြန်းစဉ်က ကုမ္ပဏီဘက်က စိစစ်ပြီး ဆောင်ရွက်ပေး သွားမည်ဟု ပြောကြောင်း ယင်းဌာန ဦးစီးမှူး ဒေါ်ကြူကြူရီက ပြောသည်။

No comments:

Post a Comment

မှတ်ချက်လေးများပေးနိုင်ပါတယ်