KKT Repair Service

Wednesday, April 1, 2015

ကော့သောင်းတွင် သင်္ကြန်မတိုင်မီ ကာမစိတ်ကြွဆေးနှင့် တားမြစ်ဆေးများ စစ်ဆေ;

ကော့သောင်းတွင် သင်္ကြန်မတိုင်မီ ကာမစိတ်ကြွဆေးနှင့် တားမြစ်ဆေးများ စစ်ဆေ;
*****************************
ကော့သောင်း၊ မတ် ၃၁


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ကာမစိတ်ကြွဆေး တားမြစ်ဆေးများနှင့် ဆေးဝါးအတုများ ရောင်းချခြင်း မရှိစေရန် ဆေးဆိုင်များကို စစ်ဆေးခဲ့ကြောင်း ကော့သောင်းမြို့ရှိ ဆေးဆိုင်များမှ သိရသည်။

ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် တရားမဝင်ဆေးဝါးများနှင့် တားမြစ်ဆေးများရောင်းချခြင်းရှိမရှိ မတ်လ ၃၀ ရက်နေ့က စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအသိုင်းအ၀ိုင်းမှ သိရသည်။
“ကော့သောင်းမှာက သင်္ကြန်မှာ ကာမစိတ်ကြွဆေးမျိုးကိုတော့ လူငယ်တွေကြားမှာ သုံးစွဲတာ နည်းပါတယ်”ဟု ရွှေဟင်္သာရပ်ကွက်နေ လူငယ်တစ်ဦးဖြစ်သူ ကိုမျိုးငယ်က ဆိုသည်။

ကော့သောင်းတွင် အရက်နှင့် ဘီယာကိုသာ အများစု သောက်ကြသည်ကို တွေ့ရသည်ဟု ကိုမျိုးငယ်က ပြောသည်။
ကော့သောင်းမြို့ပေါ်တွင် ဆေးဆိုင် ၁၂ ဆိုင်ကို စစ်ဆေးခဲ့ပြီး အသိပညာပေးဟောပြောခဲ့သည်ဟု ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။
Dawei Watch

No comments:

Post a Comment

မှတ်ချက်လေးများပေးနိုင်ပါတယ်