KKT Repair Service

Friday, April 10, 2015

ပုလုံးတုံတုံး ကမ်းခြေ အဝင်လမ်း မပြီးသေး၊ သင်္ကြန်တွင် စီးပွား ထိခိုက်မည်ကို ဈေးဆိုင်များ စိုးရိမ်

ပုလုံးတုံတုံး ကမ်းခြေ အဝင်လမ်း မပြီးသေး၊ သင်္ကြန်တွင် စီးပွား ထိခိုက်မည်ကို ဈေးဆိုင်များ စိုးရိမ်
April 8, 2015




ကော့သောင်းမြို့၊ ပုလုံးတုံတုံး ကျေးရွာ ကမ်းခြေအဝင် ကျောက်ခင်း လမ်းမပြီး သေးသည့်အတွက် ကမ်းခြေ ကို အမှီပြု ရောင်းချနေသည့် ဈေးဆိုင် များ သင်္ကြန်ကာလ စီးပွား ထိခိုက် မည်ကို စိုးရိမ်ကြောင်း နှစ်စဉ် ဈေး ရောင်းချသူများက ပြောသည်။
ခင်းလက်စ လမ်းပေါ်ရှိ ကျောက်တုံး များကို ဖြတ်သန်းသွားသည့် လမ်းအဆင် မပြေမှုကြောင့် သင်္ကြန်တွင် ခရီးသည် အလာနည်းမည်ကို စိုးရိမ်နေကြောင်း ပုလုံးတုံတုံး ကမ်းခြေနဒီလှိုင်း စားသောက် ဆိုင်ပိုင်ရှင်က ပြောသည်။
ပါချန်မြစ်ကို ဖြတ်ဖောက်ထား သည့် ရွာအဝင် တံတားနှစ်စင်းနှင့် ကျေးရွာနှင့် ကမ်းခြေအဝင် ကျောက် ခင်းလမ်းကို မတ်လ အကုန်အပြီး လုပ် မည်ဟု ပြောသော် လည်း တံတားသာ ပြုပြင်ပြီးစီးပြီး လမ်းမပြီးသေးဟု ယင်းရွာသူ ရွာသားများက ရှင်းပြသည်။
” ပြီးခဲ့တဲ့ နှစ်တုန်းက တံတားကြီး မကောင်းလို့ ဆိုင်ကယ် ၊ ဘေးတွဲက လွဲရင် ကမ်းခြေလာလို့ မရဘူး” ဟု သင်္ကြန်ကျတိုင်းတွင်း နှစ်စဉ် ကမ်းခြေတွင် အစားအသောက် ရောင်းချသူ ဒေါ်အိ က ဆိုသည်။
လျာထားရက် မပြီးသည့်အတွက် တိုင်းအစိုးထံတွင် ဧပြီလ တစ်လ ထပ်မံ လုပ်ခွင့် တောင်းထားပြီး အတတ်နိုင်ဆုံး ပြီးအောင်လုပ်နေသည်ဟု ပုလုံးတုံတုံး တံတားနှင့် လမ်းတာဝန်ယူ ပြုပြင်နေ သည့် တာဝန်ခံ အင်ဂျင်နီယာတစ်ဦး ပြောသည်။
သင်္ကြန်ကာလတွင် ပုလုံးတုံတုံး ကမ်းခြေသို့ လာရောက် အပန်းဖြေသူ နေ့စဉ် ထောင်ဂဏန်းရှိပြီး ကမ်းခြေ အမှီပြု အစားအသောက် ရောင်းချသူ အများအပြား ရှိသည်ဟု သိရသည်။

No comments:

Post a Comment

မှတ်ချက်လေးများပေးနိုင်ပါတယ်