KKT Repair Service

Wednesday, April 8, 2015

ဆိုလာပြား ၂၀၀ အခမဲ့ ဖြန့်ဝေ

ဆိုလာပြား ၂၀၀ အခမဲ့ ဖြန့်ဝေ
ကော့သောင်း » April 7, 2015


တိုင်းဒေသကြီးအစိုးရ ရန်ပုံ ငွေဖြင့် ရွှေပြည်စိုးကျေးရွာတွင် ဆိုလာ ပြား အခု ၂၀၀ ကို အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း ရွာသူရွာသား များထံမှ သိရသည်။
ရွှေပြည်စိုး ကျေးရွာတွင် အခု ၁၀၀၊ ကျေးရွာ အုပ်စုခွဲဖြစ်သည့် ချောင်းဝကျေးရွာတို့တွင် ၁၀၀ ခု ဖြန့်ဝေပေးခဲ့ကြောင်း ရွှေပြည်စိုး ကျေး ရွာအုပ်ချုပ်ရေးအဖွဲ့ စာရေး ဒေါ်နုနုရီက ပြောသည်။

ဆိုလာပြား တစ်ခုကို ကျပ် ၃ သိန်း ဖြင့် အရစ်ကျ ရောင်းချပေးမည်ဟု သိရကတည်းက ရွာသားများ စိတ်ဝင် တစား လျှောက်ထားကြသည်ဟု ရွှေပြည်စိုး ကျေးရွာမှ ဦးထွန်းထွန်းက ပြောသည်။
” အခုလို အခမဲ့စနစ်နဲ့ ရလာ တော့လည်း ဝမ်းသာပါတယ်၊ တစ်ရွာ လုံးကို ရစေချင်တယ် ” ဟု ဦးထွန်းထွန်း က ဆိုသည်။
ကျေးရွာအတွက် အခု ၄၀၀ ချ ထားပေရန် တောင်းခံခဲ့ရာ လက်ရှိတွင် အခု ၂၀၀ ချထားပေးပြီး မရသေး သည့် ရွာသားများအတွက် နောက်ထပ် ချထားပေးရန် စာတင်သွား မည်ဖြစ် ကြောင်း အထက်ပါ စာရေး ဒေါ်နုနုရီက ပြောသည်။

No comments:

Post a Comment

မှတ်ချက်လေးများပေးနိုင်ပါတယ်